A d v e r t i s e m e n t With Us

အိန္ဒိယတွင် ဟိန္ဒူဘုရားဖူးများ တိုးကြိတ်မိပြီး ၁၁ ဦးသေဆုံး (ရုပ်သံ)

အိန္ဒိယနိုင်ငံ အရှေ့ပိုင်းပြည်နယ်တခုဖြစ်တဲ့ ဂျာခန် (Jharkhand) ပြည်နယ်မှာ သြဂုတ် ၁၀ ရက်နေ့က ဟိန္ဒူဘုရားဖူးတွေ တိုးကြိတ်နင်းမိကြရင်း လူ ၁၁ ဦး သေဆုံးသွားပါတယ်။ ဘုရားဖူးတွေဟာ မနက်ပိုင်း ဘုရားကျောင်းဝန်းတံခါးကို ဖွင့်ဖွင့်ချင်းမှာ ၀ိုင်းပြုံတိုးမိကြရင်း ပိတ်ညပ်မိပြီး သေဆုံးခဲ့တာပါ။ တခြားလူအယောက် ၂၀ လည်း ဒဏ်ရာရရှိခဲ့ကြတယ်လို့ မြို့နယ်ရဲတပ်ဖွဲ့က ပြောပါတယ်။ သြဂုတ် ၁၀ ရက်နေ့က ရှီဗာနတ်ဘုရားကို ဖူးရင်း ကုသိုလ်ထူးတယ်လို့ ယုံကြည်ကြတဲ့အတွက် ဘုရားဖူးတန်းစီးသူဟာ ၄ မိုင်အရှည် ညအိပ်စောင့်ဆိုင်းရတယ်လို့ မြို့နယ်အာဏာပိုင်တဦးက ဆိုပါတယ်။ သေဆုံးသူ ၁၁ ဦးမှာ အမျိုးသမီးတဦး ပါဝင်တယ်လို့လည်း ဆိုပါတယ်။ အိန္ဒိယနိုင်ငံမှာ အခုလို ဘုရားဖူးရာသီတွေမှာ ဘုရားဖူးတွေ အုတ်အော်သောင်းနင်းဖြစ်ပြီး မကြာခဏ သေဆုံးမှုတွေ ဖြစ်ပွားလေ့ ရှိပါတယ်။

A d v e r t i s e m e n t With Us

More News
Up