A d v e r t i s e m e n t With Us

အိုင်အက်စ် အတွင်းရေးစာရွက်စာတမ်းများနှင့် ဖောက်ခွဲရေးပစ္စည်းများ သိမ်းဆည်းရမိ (ရုပ်သံ)

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ဆီးရီးယားနိုင်ငံအရှေ့မြောက်ပိုင်းက ဟဆကာပြည်နယ်မှာ အိုင်အက်စ်အကြမ်းဖက်တပ်ဖွဲ့ရဲ့ အတွင်းရေးစာရွက်စာတမ်းတွေနဲ့ ဖောက်ခွဲရေးပစ္စည်း အမြောက်အမြား သိမ်းဆည်းရမိခဲ့ပါတယ်။ ၁ လကြာတိုက်ပွဲအပြီး ဇူလိုင် ၁ ရက်က အိုင်အက်စ်အကြမ်းဖက်တွေကို မြို့ကနေ တိုက်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဆီးရီးယားတပ်ဖွဲ့ရဲ့ တပ်မှူးကြီးတဦးက တိုက်ပွဲတွေနဲ့ အသေခံဗုံးခွဲ တိုက်ခိုက်မှုတွေအတွက် လက်လုပ်ဖောက်ပစ္စည်းတွေကို သုံးစွဲကြပြီး ဇူလိုင်လတလထဲမှာ အကြီးစားဗုံးခွဲ တိုက်ခိုက်မှု ၄၅ ကြိမ်ထက်မနည်း လုပ်ခဲ့ကြတယ်လို့ ပြောဆိုပါတယ်။ သိမ်းဆည်းရမိခဲ့တဲ့ စာရွက်စာတမ်းအထောက်အထားတွေအရ အိုင်အက်စ် အကြမ်းဖက်တပ်ဖွဲ့ဟာ တိုက်ခိုက်ရေးသမားတဦးချင်းစီရဲ့ တိုက်ခိုက်မှုစွမ်းရည်နဲ့ ကိုးကွယ်တဲ့ဘာသာအလိုက် တိတိကျကျ ဖွဲ့စည်းတည်ဆောက်တယ်လို့ တပ်မှူးက ပြောဆိုပါတယ်။ ဆီးရီးယားတပ်ဖွဲ့ရဲ့ ဗိုလ်မှူးဘတ်ရှာကလည်း သိမ်းဆည်းရမိတဲ့ပစ္စည်းတွေထဲမှာ စိတ်ကြွဆေးပြားတွေကိုလည်း ပြသခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up