ပရီးမီးယားလိဂ်ပွဲစဉ် မန်စီးတီး အသင်း ၀က်စ်ဘရွန်းကို ဂိုးပြတ်နိုင်

ဓာတ်ပုံ - mcfc
960
ပြီးခဲ့တဲ့ သြဂုတ် ၁၀ ရက်နေ့ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်စီးတီးက ၀က်စ်ဘရွန်းကို ၃ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။
မန်စီးတီးကပဲ တဖက်သတ် ဘောလုံးပိုင်ဆိုင်မှု အသာစီးယူ ကစားသွားပြီး ထိုးဖောက် ကန်သွင်းခွင့်တွေလည်း ၁၉ ကြိမ်အထိ ရခဲ့ပါတယ်။
ဒီပွဲမှာ မန်စီးတီးက အသစ်ခေါ်ယူထားတဲ့ ပေါင် ၄၉ သန်းတန် တိုက်စစ်မှူး စတာလင်းကိုလည်း ထုတ်သုံးသွားပါတယ်။
စီးတီးအတွက် အနိုင်ဂိုးတွေကို ပထမပိုင်းမှာ ယာယာတိုရေးက ၂ ဂိုး သွင်းယူပြီး တတိယဂိုးကို ကွန်ပနီက ၅၉ မိနစ်မှာ သွင်းယူပြီး အနိုင်ရသွားတာပါ။
ဒီပွဲမှာ ၀ါရင့် ကွင်းလယ်သမား တိုရေး ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး မန်စီးတီးဟာ ပွဲဦးထွက်မှာပဲ အနိုင် ၃ မှတ် ရရှိသွားတာ ဖြစ်ပါတယ်။