A d v e r t i s e m e n t With Us

ပြည်မြို့အနီး မြေငလျင် လှုပ်ခတ်

ပဲခူးတိုင်းဒေသကြီး ပြည်မြို့အနီးမှာ ရစ်ခ်ျတာစကေး ၄ ဒသမ ၃ အဆင့် အင်အား အနည်းငယ်ရှိ မြေငလျင်တခု ပြီးခဲ့တဲ့ညက လှုပ်ခတ်သွားတယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက  သတင်းထုတ်ပြန်ပါတယ်။ သြဂုတ်လ ၁၀ ရက်ည မြန်မာစံတော်ချိန် ၂၃ နာရီ ၃၆ မိနစ် ၃၈ စက္ကန့်အချိန်မှာ ကမ္ဘာအေး မြေငလျင်စခန်းမှ အနောက်မြောက်ဘက် မိုင် ၉၀ ခန့်ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်တွင်း (ပြည်မြို့၏ အရှေ့တောင်ဘက် ၅၇ မိုင်ခန့်အကွာ) ကို ဗဟိုပြု  လှုပ်ခတ်သွားတာလို့ သတင်းမှာ ဖော်ပြပါတယ်။ မြေငလျင်ကြောင့် ထိခိုက်ပျက်စီးမှု သတင်းတွေကတော့ မရရှိသေးပါဘူး။

A d v e r t i s e m e n t With Us

More News
Up