A d v e r t i s e m e n t With Us

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ အမေရိကန် ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရ (ရုပ်သံ)

တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့က အမေရိကန် ကောင်စစ်ဝန်ရုံး သြဂုတ် ၁၀ ရက်က တိုက်ခိုက်ခံရပြီး တိုက်ခိုက်ခဲ့တယ်လို့ ယူဆရတဲ့ အမျိုးသမီးကို ရဲက ထိန်းသိမ်းထားပါတယ်။ အတည်မပြုနိုင်တဲ့ သတင်းတွေအရ တိုက်ခိုက်ခဲ့သူဟာ အမျိုးသားတဦးနဲ့ အမျိုးသမီးတဦးတို့ဖြစ်ပြီး သံရုံးလုံခြုံရေးတွေက ပြန်လည်ပစ်ခတ်ချိန်မှာ ထွက်ပြေးသွားကြပါတယ်။ ပစ်ခတ်မှုအတွင်း ထိခိုက်မှုတော့ မရှိခဲ့ပါဘူး။ ပြီးခဲ့တဲ့လက ဆီးရီးယားနယ်စပ်မှာ အသေခံဗုံးခွဲ တိုက်ခိုက်မှုတွေ၊ တူရကီ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအပေါ် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး နောက်ပိုင်း အိုင်အက်စ် အကြမ်းဖက်တွေပေါ်မှာရော၊ တူရကီခွဲထွက်ရေး ကာ့ဒ်တပ်ဖွဲ့ (PKK) တပ်ဖွဲ့တွေအပေါ်မှာရော တချိန်တည်း လေကြောင်းက တိုက်ခိုက်မှုတွေ လုပ်လာတာပါ။ အိုင်အက်စ် အကြမ်းဖက်တွေလို့ သံသယရှိသူတွေကိုလည်း နိုင်ငံတ၀န်းမှာ ဖမ်းဆီးခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်ကလည်း အန်ကာရာမြို့တော်မှာရှိတဲ့ အမေရိကန်သံရုံး အသေခံဗုံးခွဲ တိုက်ခိုက်ခံရပြီး သံရုံးလုံခြုံရေး တူရကီတဦး သေဆုံးခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up