A d v e r t i s e m e n t With Us

လူမည်းဆယ်ကျော်သက် အသတ်ခံရသည့် ၁ နှစ်ပြည့် နယူးယောက်တွင် ဆန္ဒပြ

အမေရိကန်ပြည်ထောင်စုမှာ လက်နက်မပါတဲ့ လူမည်းဆယ်ကျော်သက်ကို လူဖြူရဲအရာရှိက သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ အဖြစ်အပျက် ၁ နှစ်ပြည့်တဲ့ အထိမ်းအမှတ်အဖြစ် နယူးယောက်မှာရှိတဲ့ ယူနီယံရင်ပြင်မှာ သြဂုတ် ၉ ရက်နေ့က လူရာပေါင်းများစွာ စုရုံးဆန္ဒပြခဲ့ကြပါတယ်။ အသက် ၁၈ နှစ်အရွယ် မိုက်ကယ်ဘရောင်းကို လူဖြူရဲအရာရှိ ဒါရန် ၀ီလဆင်က မနှစ်  သြဂုတ် ၁၄ ရက်နေ့က ပစ်သတ်ခဲ့တာပါ။ သြဂုတ် ၇ ရက်နေ့ ဆန္ဒပြပွဲဟာ နယူးယောက်မြို့တော်မှာ ဒုတိယမြောက် လူထုစုရုံးမှု ဖြစ်ပါတယ်။ ဆန္ဒပြသမား တယောက်ဖြစ်တဲ့ ကိတ် ဖလန်ဒါစ်က အမေရိကန်ပြည်ထောင်စုမှာ ရဲတွေက လူမည်းတွေကို ပစ်မှတ်ထားပြီး ရက်စက်နေတာ၊ အစုလိုက်အပြုံလိုက် ထောင်ချနေတာတွေကို အများသိစေချင်တယ်လို့ ပြောပါတယ်။ တရက်တည်းမှာပဲ အခင်းဖြစ်ခဲ့တဲ့ မစ်ဇူရီပြည်နယ် ဖာဂူဆန်မြို့မှာလည်း လူရာပေါင်းများစွာက နှစ်ပတ်လည် အခမ်းအနားတခုကို ပြုလုပ်ခဲ့ပါတယ်။ မိုက်ကယ်ဘရောင်းကို ရဲက သေနတ်နဲ့ ပစ်ပြီးနောက် ၄ နာရီခွဲကြာအာင် လမ်းမပေါ်မှာ အလောင်းရှိနေခဲ့တာကို သတိရတဲ့အနေနဲ့ရော၊ မိုက်ကယ်ဘရောင်း အပါအ၀င် ရဲလက်မှာ သေဆုံးခဲ့သူတွေကို သတိရခြင်း အထိမ်းအမှတ် အနေနဲ့ရော  ၄ မိနစ်ခွဲ ငြိမ်သက်ခဲ့ကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up