A d v e r t i s e m e n t With Us

နေတိုး အဖွဲ့ဝင်မဟုတ်သည့် ၁၇ နိုင်ငံ စစ်ရေးပြိုင်ပွဲကျင်းပ

ဓာတ်ပုံ - marygreeley.com
ရုရှား၊ တရုတ်၊ ဘယ်လာရုဒ်၊ ပါကစ္စတန်၊ ဗင်နီဇွဲလားနဲ့ အီဂျစ် ၆ နိုင်ငံက ကြည်းတပ်ဖွဲ့ဝင်တွေဟာ သြဂုတ် ၈ ရက်နေ့က ရုရှားနိုင်ငံတောင်ပိုင်းမှာ ကျင်းပနေတဲ့ ၂၀၁၅ ခုနှစ် လေကြောင်းရန်ကာကွယ်ရေး စစ်ရေးပြိုင်ပွဲတခုကို ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒီပြိုင်ပွဲဟာ ရုရှားနိုင်ငံ အပါအ၀င် နေတိုးအဖွဲ့ဝင်မဟုတ်တဲ့ နိုင်ငံ ၁၇ နိုင်ငံက ကြည်းတပ်တွေ ပါဝင်ယှဉ်ပြိုင်နေကြတာပါ။ ရွေ့လျားမြင် လေကြောင်းပစ်မှတ်တွေကို အပေါ့စား လေယာဉ်ပစ်ဒုံးကျည် ပစ်ခတ်မှုစွမ်းရည်၊ ရုတ်တရက်ထွက်ပေါ်လာတဲ့ ရဟတ်ယာဉ် ပစ်ခတ်မှုတွေလည်း လျှပ်တပြက်ပစ်ခတ်မှုစွမ်းရည် စတဲ့ တိုက်ခိုက်ရေးစွမ်းရည်တွေ ပါဝင်ခဲ့ပြီး လာရောက်ကြည့်ရှုသူ ပရိသတ် ၁၀၀၀ လောက် ရှိခဲ့ပါတယ်။ ရုရှားတပ်မတော်ဟာ ၂၀၁၄ ခုနှစ်က ရုရှားပိုင် ခရိုင်မီယာကို သိမ်းပိုက်ခဲ့ပြီးကတည်းက စစ်အသုံးစရိတ်တွေ တိုးမြှင့်ခဲ့ပြီး အဆင့်မြှင့်တင်နေတာပါ။ စစ်လက်နက်ပစ္စည်း တင်ပို့ရောင်းချမှုလည်း တိုးမြှင့်ခဲ့ပြီး လာမယ့် ၃ နှစ်၊ ၄ နှစ်အတွင်း အမေရိကန်ကန်ဒေါ်လာ ဘီလီယံ ၄၀ ဖိုးလောက် စစ်လက်နက်ပစ္စည်းရောင်းချဖို့ အော်ဒါရရှိထားတာပါ။ ရုရှားနိုင်ငံထုတ် စစ်လက်နက်ပစ္စည်းတွေကို အိန္ဒိယနိုင်ငံက အများဆုံးဝယ်ယူပြီး တရုတ်နိုင်ငံ၊ အရှေ့အလယ်ပိုင်းနိုင်ငံတွေနဲ့ တောင်အမေရိကနိုင်ငံတွေလည်း ၀ယ်ယူကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up