MH 370 လေယာဉ်အပိုင်းအစ ရှာဖွေနေသည့် မှတ်တမ်းဗွီဒီယို

ပျောက်ဆုံး မလေးရှား လေကြောင်းလိုင်းပိုင် MH370 လေယာဉ် အပိုင်းအစတွေ ဆက်လက်ရှာဖွေနေပုံကို ရိုက်ကူးထားတဲ့ မှတ်တမ်းဗွီဒီယိုကို ပြင်သစ်စစ်တပ်က သြဂုတ် ၉ ရက်နေ့က ထုတ်ပြန်ပါတယ်။ ပြင်သစ် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ သြဂုတ် ၆ ရက်နေ့က ထုတ်ပြန်ချက်အရ ပြင်သစ်စစ်တပ်သုံး Casa လေယာဉ်ကို အသုံးပြုပြီး အိန္ဒိယ သမုဒ္ဒရာထဲက ပြင်သစ်အပိုင် Reunion ကျွန်းပေါ် ရှာဖွေရေး လုပ်ငန်းတွေကို ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ ပြင်သစ်ရဲအဖွဲ့ကလည်း ရဟတ်ယာဉ်တွေကို သုံးပြီး ပူးပေါင်းပါဝင်သလို ခြေလျင်အဖွဲ့တွေကလည်း မီးတောင်ကျွန်းပေါ်မှာ ရှာဖွေနေပါတယ်။ MH370 လေယာဉ်ဟာ မနှစ် မတ် ၈ ရက်နေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူကနေ တရုတ်နိုင်ငံ ဘေဂျင်းကို ပျံသန်းရင်းနဲ့ ပျောက်ဆုံးခဲ့တာ ဖြစ်ပါတယ်။ လေယာဉ်ဟာ အခုရှာဖွေနေတဲ့ Reunion ကျွန်းကနေ မိုင် ၂၃၀၀ အကွာမှာရှိတဲ့ အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းဒေသမှာ ပျက်ကျသွားတယ်လို့ ယုံကြည်နေကြပါတယ်။

More News
Up