အာဆီယံ လူငယ်ရုပ်သံပြိုင်ပွဲ မြန်မာလူငယ်တဦး တတိယဆုရရှိ
အာဆီယံနေ့အထိမ်းအမှတ် ၂၀၁၅ အာဆီယံ လူငယ်ရုပ်သံဗွီဒီယို ပြိုင်ပွဲမှာ မြန်မာနိုင်ငံက မောင်သုတလင်းက တတိယဆုရရှိသွားပါတယ်။
“Closer Than We Thought” ဆိုတဲ့အမည်နဲ့ ရိုက်ကူးထားတဲ့ ရုပ်သံနဲ့ ဆုရခဲ့တာဖြစ်ပြီး ဒီရုပ်သံဟာ ဒေသတွင်းက မတူကွဲပြားတဲ့နေရာက လူငယ်တွေကို ဆက်သွယ်ပေါင်းကူးပေး နိုင်ရေးမှာ တံတားတွေ တည်ဆောက်တာရဲ့ အရေးပါမှုကို ထင်ဟပ်ပြသနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အာဆီယံ အသိုက်အ၀န်းဆိုတာ လူငယ်တွေအတွက် ဘာကိုဆိုလိုသလဲဆိုတဲ့ အမြင်ပေါ်မှာ အာဆီယံနိုင်ငံတွေက လူငယ်ဒါရိုက်တာတွေဆန်းသစ်ရိုက်ကူး ယှဉ်ပြိုင်ကြရတဲ့ ဒီပြိုင်ပွဲမှာ ပထမ ဆုကို ဗီယက်နမ်က ရရှိပြီး ဒုတိယဆုကိုတော့ ဖိလစ်ပိုင်က ရရှိသွားပါတယ်။
ကိုယ်တိုင် အမှန်တကယ်ရိုက်ကူးထားတဲ့ ဗီဒီယိုဖြစ်မှု၊ ပါဝင်တင်ပြတဲ့အကြောင်းအရာနဲ့ အရည်သွေးပေါ်မူတည်ပြီး ဆုရွေးချယ်ပေးအပ်တာလည်း ဖြစ်ပါတယ်။
၂၀၁၅ အာဆီယံ လူငယ်ရုပ်သံဗွီဒီယို ပြိုင်ပွဲမှာ မြန်မာနိုင်ငံက မောင်သုတလင်းရဲ့ တတိယဆု ရုပ်သံ