ဓားဖြင့်ထိုးသည့် ပါလက်စတိုင်း တဦးကို အစ္စရေးစစ်တပ် ပစ်သတ် (ရုပ်သံ)

အနောက်ဘက်ကမ်းမှာရှိတဲ့ ဓာတ်ဆီဆိုင်တခုမှာ အစ္စရေး တယောက်ကို ဓားနဲ့ထိုးတဲ့  ပါလက်စတိုင်းကို အစ္စရေးစစ်တပ်က သေနတ်နဲ့ ပစ်သတ်လိုက်တယ်လို့ ရဲအဖွဲ့က ပြောပါတယ်။ အသက် ၂၆ နှစ်အရွယ် အစ္စရေး အရပ်သားလည်း ဒဏ်ရာအနည်းငယ် ရရှိခဲ့ပြီး ဆေးရုံပို့ခဲ့ရတယ်လို့ စစ်တပ်ပြောခွင့်ရ အမျိုးသမီး လူဘာ ဆမ်ရီ (Luba Samri) က ပြောပါတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဧပြီလကတည်းက ရှေ့မတိုးနိုင် ဖြစ်ခဲ့ပြီး အနောက်ဘက်ကမ်းနဲ့ အရှေ့ဂျေရုစလင်မှာ အောက်ခြေမှာ အကြမ်းဖက်မှုတွေ ပေါ်ပေါက်နေပါတယ်။ အရင်လတုန်းကလည်း အနောက်ဘက်ကမ်းမှာ ဂျူးတယောက်လို့ ယူဆရတဲ့ အမျိုးသားတယောက်က  ပါလက်စတိုင်းအိမ်ကို  မီးရှို့ခဲ့လို့  အသက် ၁၈ လသား ကလေးငယ်နဲ့ ဖခင်တို့ သေဆုံးပြီး မိခင်နဲ့ သားတယောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကြောင့် တင်းမာမှုတွေ မြင့်တက်ခဲ့ပြီး ကျန်ခဲ့တဲ့ တပတ်ကလည်း အရှေ့ ဂျေရုစလင်မှာ အစ္စရေးတွေ စီးလာတဲ့ ကားကို ဓာတ်ဆီဗုံးနဲ့ တိုက်ခိုက်ခံရပြီး အစ္စရေး ၂ ယောက် ဒဏ်ရာရခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up