ဟာသာဘာလင် အသင်းပိုင် ဘတ်စ်ကား သေနတ်ပစ်ခံရ
ဂျာမန်ဘွန်ဒတ်စ်လီဂါကလပ် ဟာသာဘာလင်အသင်းပိုင် ဘတ်စ်ကားကို ဆိုင်ကယ်မောင်းလာတဲ့ သေနတ်သမားက ပစ်ခတ်တာ ခံခဲ့ရပါတယ်။
ပစ်ခတ်တုန်းက ဘတ်စ်ကားပေါ်မှာ ကားမောင်းသမားပဲ ရှိနေပြီး ကားရဲ့ ရှေ့မှန်ကို ထိမှန်ခဲ့ပါတယ်။
ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့လည်း အသင်းက သတင်းထုတ်ပြန်ထားပါတယ်။
ဘတ်စ်ကားဟာ ဟိုတယ်ကနေ ကစားသမားတွေကို ခေါ်ယူဖို့အသွား လမ်းမှာ ပစ်ခတ်ခံရတာ ဖြစ်ပြီး ရဲက အခုဖြစ်ရပ်အတွက် စုံစမ်းမှုတွေ ပြုလုပ်နေပါတယ်။
ဟာသာဘာလင်အသင်းဟာ သြဂုတ် ၉ ရက်နေ့မှာ ဂျာမန်ဒုတိယတန်းကလပ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။