အိုင်အက်စ်များ ပြန်လည်သိမ်းပိုက်နိုင်သည့် အန္တရာယ်ကြုံနေရသည့် ဟာစာခါမြို့ (ရုပ်သံ)

ဆီရီးယားနိုင်ငံအရှေ့မြောက်ပိုင်းမှာ ရှိတဲ့ ဟာစာခါပြည်နယ်ထဲက ဟာစာခါမြို့ကို အိုင်အက်စ် စစ်သွေးကြွတွေ တကျော့ပြန် သိမ်းပိုက်နိုင်တဲ့ အန္တရာယ်နဲ့ ကြုံနေရပါတယ်။
အိုင်အက်စ်အဖွဲ့ လက်ထဲ ကျရောက်ခဲ့တဲ့ မြို့ကို အစိုးရ၊ စစ်တပ်နဲ့ ကာဒ် တိုက်ခိုက်ရေးသမားတွေက သိမ်းပိုက်ခဲ့ပြီး ၁ ပတ်အကြာမှာပဲ အခြေအနေက ပြောင်းပြန် ပြန်ဖြစ်လာတာပါ၊
စစ်ဖြစ်နေတဲ့ နေရာဟာ မြို့လယ်ကနေ ၅ ကီလိုမီတာပဲ ဝေးပြီး ပြည်နယ်ရဲ့ ၅ ပုံ ၁ ပုံဟာလည်း အိုင်အက်အဖွဲ့ရဲ့ ထိန်းချုပ်မှု အောက်မှာ ရှိနေပါတယ်။
ဟာစာခါ ပြည်နယ်အနီးတ၀ိုက်ဟာ အိုင်အက် အဖွဲ့ရဲ့ ထိန်းချုပ်မှုအောက်မှာ ကျရောက်နေတဲ့အတွက် ထောက်ပံ့ရေးလမ်းကြောင်းက လေကြောင်းတခုတည်းကို အသုံးပြုနေရပါတယ်။
ဟာစာခါပြည်နယ်ဟာ တူရကီ၊ အီရတ်တို့နဲ့ နယ်နိမိတ် ဖြစ်ပြီး မဟာဗျူဟာအရ အရေးပါတဲ့ ဒေသ ဖြစ်ပါတယ်။
ဒါကြောင့် ဆီရီးယားအရှေ့ပိုင်းကို သိမ်းထားတဲ့ အိုင်အက် အဖွဲ့ဟာ နယ်မြေတဆက်စပ်တည်း ဖြစ်တဲ့ ဟာစာခါ ပြည်နယ်ကိုလည်း သိမ်းပိုက်ဖို့ ကြိုးပမ်းနေတာပါ။
အကြမ်းဖက်အဖွဲ့ဟာ မြို့ကို ဇွန်လ ၂၆ ရက်နေ့ကစလို့ ကားဗုံးခွဲမှုတွေ အမြောက်အမြားသုံးပြီး တိုက်ခိုက်ခဲ့ပါတယ်။
ဆီရီးယား အစိုးရ စစ်တပ်နဲ့ ကာဒ် တိုက်ခိုက်ရေးသမားတွေက ဇူလိုင်လအစောပိုင်းမှာ တန်ပြန်ထိုးစစ်ဆင်ပြီး သြဂုတ်လ ၁ ရက်နေ့မှာ ပြန်လည် သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။