အာဆင်နယ်အသင်း ပရီးမီးယားလိဂ် ပွဲဦးထွက် ရှုံးနိမ့်

ဓာတ်ပုံ - ရိုက်တာ
သြဂုတ် ၉ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အာဆင်နယ်အသင်းဟာ ပွဲဦးထွက်မှာပဲ ရှုံးပွဲ တွေ့သွားပါတယ်။ အိမ်ကွင်းမှာ ယှဉ်ပြိုင်တဲ့ ဒီပွဲမှာ အာဆင်နယ်က ၀က်စ်ဟမ်းကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာပါ။ ဒီပွဲမှာ အာဆင်နယ်က ဘောလုံးပိုင်ဆိုင်မှု ၆၂ ရာခိုင်နှုန်းအထိ ရှိခဲ့သလို ထိုးဖောက် ကန်သွင်းခွင့်တွေလည်း ပိုရခဲ့တာပါ။ ၀က်စ်ဟမ်းက ရတဲ့ အခွင့်အရေးကို အသုံးချနိုင်လို့ အနိုင်ရသွားတာ ဖြစ်ပါတယ်။ အာဆင်နယ်မှာ ပီတာချက် ပွဲထွက် ဂိုးသမားအနေနဲ့ ပါဝင် ကစားသွားပြီး ဂိုးတွေ ပေးလိုက်ရတာပါ။ ၀က်စ်ဟမ်းကတော့ နည်းပြသစ် ဘီလစ် လက်ထက် ပရီးမီးယားလိဂ် ပွဲစဉ်မှာ ပထမဆုံး အနိုင်ရတာ ဖြစ်ပါတယ်။ တခြား ပွဲစဉ်တွေမှာတော့ နယူးကာဆယ်က ဆောက်သမ်တန်နဲ့ ၂ ဂိုးစီသရေကျပြီး လီဗာပူးက အဝေးကွင်းမှာ စတုတ်စီးတီးကို ၁  ဂိုးတည်းနဲ့ အနိုင်ရသွားပါတယ်။ လီဗာပူးအတွက် တလုံးတည်းသော အနိုင်ဂိုးကို ကော်တင်ဟိုက ပွဲပြီးကာနီးမှာ သွင်းယူခဲ့ပါတယ်။ ဒီပွဲမှာ လီဗာပူး အသင်းခေါင်းဆောင် ဟန်ဒါဆန် ခြေစွမ်းပြနိုင်လို့ ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားအဖြစ်လည်း သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။

More News
Up