A d v e r t i s e m e n t With Us

စပါးတိုက်စစ်မှူး ဟယ်ရီကိန်း ကို ခေါ်ယူရန် မန်ယူ ထပ်မံကြိုးစား

ဓာတ်ပုံ - ရိုက်တာ
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ တိုက်စစ်နေရာမှာ အားဖြည့်ဖို့အတွက် တော့တင်ဟမ် ဟော့စပါး တိုက်စစ်မှူး ဟယ်ရီ ကိန်းကို ခေါ်ယူဖို့ ထပ်မံ ကြိုးစားနေပါတယ်။ မန်ယူနည်းပြ ဗန်ဂါးက အသင်းပြောင်းသွားတဲ့ တိုက်စစ်မှူး ဗန်ပါစီနဲ့ ဖယ်ကာအိုတို့ရဲ့ နေရာမှာ အစားထိုးဖို့ ခေါ်ယူချင်နေတာလို့ Daily Mirror သတင်းမှာ ရေးသားထားပါတယ်။ တိုက်စစ်မှူး ကိန်းကို မန်ယူက ပြီးခဲ့တဲ့လတုန်းက ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့် ကစားသမား ကိုယ်တိုင်က ငြင်းဆန်ခဲ့ပါတယ်။ ဒီနှစ် နွေရာသီ ကစားသမား အပြောင်းအရွှေ့ ဈေးကွက်ဟာ လာမယ့် စက်တင်ဘာ ၁ ရက်နေ့မှာ ပိတ်မှာဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ် အင်္ဂလန် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီတုန်းက စပါးအတွက် ၃၁ ဂိုး သွင်းယူထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up