ဝါရှင်တန်ဒီစီတွင် ဓားကိုင်ထားသူ လူမည်းအမျိုးသမီး ကို ရဲက သေနတ်နဲ့ပစ် (ရုပ်သံ)

2.3K
အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီမှာ သြဂုတ် ၈ ရက်နေ့က ဓားကိုင်ဆောင်ထားတဲ့ အမေရိကန် လူမည်းအမျိုးသမီးတဦးကို ရဲက သေနတ်နဲ့ပစ်ခတ်ခဲ့လို့ ပခုံးမှာ ဒဏ်ရာရရှိသွားပါတယ်။
အန္တရာယ်ပြုမယ့်ပုံမရှိတဲ့ လူမည်းအမျိုးသမီးကို ရဲကပစ်ခတ်ခဲ့တဲ့ ဗွီဒီယိုဟာ အင်တာနက် လူမှုကွန်ရက်တွေမှာလည်း ပျံ့နှံ့ခဲ့ပါတယ်။
အန်ဘီစီရုပ်မြင်သံကြားသတင်းအရ မီးလောင်မှုတခုကို အကြောင်းကြားခဲ့လို့ ရဲတပ်ဖွဲ့နဲ့ မီးသတ်တပ်ဖွဲ့တွေ သွားရောက်ချိန်မှာ အခုလို ပစ်ခတ်မှုဖြစ်ခဲ့တာပါ။
ပစ်ခတ်ခံရတဲ့ အမျိုးသမီးဟာ ဘယ်သူ၊ ဘာကြောင့် ဒါးကိုင်ဆောင်ထားတယ်ဆိုတာတော့ မသိရသေးပါဘူး။
ဝါရှင်တန်ဒီစီရဲမင်းကြီး Cathy Lanier ကတော့ ရဲရဲ့အမိန့်ကို မနာခံဘဲ ရဲရဲ့အနားကို ကပ်ခဲ့လို့ တချက်ပစ်လိုက်တာလို့ ပြောပါတယ်။
လောလောဆယ် သူ့ကို ဆေးရုံတင်ပို့ ကုသထားရပြီး အခြေအနေကောင်းမွန်တယ်လို့ ဆိုပါတယ်။
မျက်မြင်တဦးကတော့ ဒါးကိုင်ဆောင်ထားသူ လူမည်းအမျိုးသမီးဟာ ရဲကို ခြိမ်းခြောက်မှုမရှိလို့ အခုလို မပစ်ခတ်သင့်ဘူးလို့ ပြောဆိုပါတယ်။