လူ့ကြွက်သား ကဲ့သို့ ကျုံ့နိုင်ဆန့်နိုင်သည့် စက်ရုပ်လက်အင်္ဂါတု (ရုပ်သံ)

စက်ရုပ်လက်အင်္ဂါတုအတွင်းက ကြွက်သားသဏ္ဌာန် ၀ိုင်ယာတွေမှာ အံ့မခန်းစွမ်းရည်တွေ ရှိပါတယ်။ လျှပ်စစ်ပမာဏကို ပြောင်းလဲလိုက်တာနဲ့ ဒီဝိုင်ယာတွေက ကြွက်သားတွေလို ကျုံ့သွားပါတယ်။ လျှပ်စစ်ဓာတ်အားကို ဖြတ်တောက်လိုက်ရင်တော့ ၀ိုင်ယာတွေက မူလပုံသဏ္ဌာန် ပြန်ဖြစ်သွားပါတယ်။ သဏ္ဌာန်မှတ်အလွိုင်းလို့ခေါ်တဲ့ "shape-memory alloy" ဟာ လူ့ဆံလုံးအရွယ်သာရှိတဲ့ နစ်ကယ် တိုက်တေနီယမ်စပ် ၀ိုင်ယာမျှင်တွေနဲ့ ဖန်တီးထားတဲ့ ဖိုင်ဘာတွေ ဖြစ်ပါတယ်။
"ဒီပစ္စည်းနဲ့ အထူးသဖြင့် ပေါ့ပါးတဲ့စနစ်တွေ တည်ဆောက်နိုင်ပါတယ်။ ၀ိုင်ယာတွေရဲ့ ဖွဲ့စည်းပုံကိုက အင်္ဂါတုကြွက်သားတွေ၊ အရွတ်ဆိုင်းတွေအဖြစ်သုံးဖို့ အံကိုက်ပါပဲ။ ဒါကြောင့် သဘာဝနဲ့လည်း နီးစပ်တဲ့ လူ့အင်္ဂါတွေနဲ့လည်း အတတ်နိုင်ဆုံးတူတဲ့ အအောင်မြင်ဆုံး ရှေ့ပြေးပုံစံ တည်ဆောက်နိုင်တာပါ။ ဒီ ပထမဆုံး ရှေ့ပြေးပုံစံအပေါ် ကျနော်တို့ နားလည်ထားတာကတော့ သဏ္ဌာန်မှတ် အလွိုင်းဝိုင်ယာတွေ သုံးပြီးတော့ တည်ဆောက်ထားတဲ့ စက်ရုပ်လက်အင်္ဂါတုဖြစ်တယ် ဆိုတာပါပဲ။"
ဒီစမတ်ဝိုင်ယာတွေရဲ့ မြင့်မားတဲ့ စွမ်းအင်သိပ်သည်းဆကြောင့် နေရာအကျဉ်းအကြပ်တွေကြားမှာ အင်တိုက်အားတိုက် လှုပ်ရှားနိုင်ပါတယ်။ သူတို့ကို အရွတ်မျှင်တွေအဖြစ် စုစည်းလိုက်မယ်ဆိုရင်တော့ အပူကို လျှော့ချပေးနိုင်တဲ့ မျက်နှာပြင်တွေ ပါရှိပါတယ်။ ဒါကြောင့် သူတို့က လူ့ကြွက်သားတွေလို ရုတ်ခြည်း ကျုံ့နိုင်ဆန့်နိုင်တာပါ။ ပြင်ပဆင်ဆာတွေ မလိုအပ်ပါဘူး။ ၀ိုင်ယာကို ထိန်းချုပ်ဖို့ တပိုင်းလျှပ်ကူးတခုသာ လိုအပ်ပါတယ်။
"နောက်ထပ်ဆင်ဆာတွေ ထပ်ပိုးစရာမလိုဘဲ ၀ိုင်ယာထဲမှာ မြှုပ်ထားတာကို အသုံးချပြီး လက်ရဲ့အနေအထားကို စောင့်ကြည့်နိုင်ပါတယ်။ ဒါကြောင့် ပေါ့ပါးတည်ဆောက်ပုံကို အမြဲပိုးပေးပါတယ်။ လူထုရှေ့ ချပြသမျှက သိပ်ကို လေးလံလွန်းတဲ့ပစ္စည်းတွေ ဖြစ်နေတဲ့အတွက် ခုဟာက အများကြီး အဆင်ပြေပါတယ်။"
ဒီနည်းပညာက ခုမှ စဦးပိုင်းပဲ ရှိသေးပေမယ့် အလားအလာကတော့ အားကောင်းပါတယ်။ ဒီသုတေသန အဖွဲ့ကတော့ ဒီနည်းပညာက သဘာဝအတိုင်း လှုပ်ရှားခံစားနိုင်မယ့် အပေါ့စား ခြေလက်အင်္ဂါတုတွေဆီကို ဦးတည်မှာဖြစ်တယ်လို့ ဆိုပါတယ်။