ပန်ဒါ ၀က်ဝံမလေးနီနီ အမြွှာညီအစ်မကို မွေးဖွား (ရုပ်သံ)

ပန်ဒါမျိုးကြီး စာရင်းဝင် ပန်ဒါဝက်ဝံမလေး နီနီက အမြွှာညီအစ်မတစုံကို သြဂုတ် ၇ ရက်နေ့ ညနေပိုင်းက မွေးဖွားလိုက်တယ်လို့ တရုတ်ပြည် အနောက်တောင်ပိုင်းက စိချွမ်း ပြည်နယ်မှာ အခြေစိုက်တဲ့ ချန်ဒူး ပန်ဒါမျိုးကြီး  မွေးမြူရေး သုတေသန ဌာနက ပြောပါတယ်။ ပန်ဒါ အမြွှာ ညီအစ်မထဲက အကြီးမက ၁၄၅ ဒသမ ၆ ဂရမ်ပြီး အငယ်က ၂၀၄ ဒသမ ၂ ဂရမ် ရှိတယ်လို့ ဆိုပါတယ်။ ဒါဟာ  ချန်ဒူး သုသေသနဌာနမှာ ငါးရက်အတွင်း တတိယမြောက် ပန်ဒါအမြွှာ မွေးဖွားတာဖြစ်ပါတယ်။ အမေ ပန်ဒါရော၊ သမီး ပန်ဒါတွေပါ ကျန်းမာပါတယ်။ ဒီနှစ်မှာ သြဂုတ် ၇ ရက်နေ့အထိ ပန်ဒါ ၀က်ဝံမ ၆ ကောင်က သားဖွားခဲ့တဲ့အထဲက ၅ ကောင်က အမြွှာမွေးဖွားခဲ့ပါတယ်။ ချန်ဒူး သုသေသနဌာနမှာ ပန်ဒါ ၁၃၉ ကောင် ရှိပြီး သားပေါက် ၂၁၁ ကောင် ရှိတယ်လို့ ဆိုပါတယ်။ တရုတ်တနိုင်ငံလုံးမှာ မျိုးကြီး စာရင်းဝင် ပန်ဒါ အရိုင်း ၁၅၉၀ ရှိပြီး၊ မွေးမြူထားတဲ့ ပန်ဒါ ၃၁၀ ရှိတယ်လို့ ဇီဝဗေဒ ပညာရှင်တွေက ဆိုပါတယ်။

More News
Up