Home
မြန်မာသတင်း
တတိယအကြိမ် လူငယ်စွန့်ဦးတီထွင်ဆုအတွက် လျှောက်လွှာခေါ်ယူ
DVB
·
August 9, 2015
မြန်မာနိုင်ငံအပါအ၀င် အာရှနိုင်ငံတွေက ဘွဲ့ကြို၊၊ ဘွဲ့ရလူငယ်တွေ လျှောက်ထားနိုင်မယ့် တတိယအကြိမ် လူငယ်စွန့်ဦးတီထွင်ဆုအတွက် လျှောက်လွှာတွေခေါ်ယူနေပါတယ်။ စီးပွားရေးလုပ်ငန်းတခုကိုဘယ်လိုလုပ်ဆောင်ရမလဲဆိုတဲ့ Business Plan အပေါ် အခြေခံယှဉ်ပြိုင်ရမယ့် ဒီပြိုင်ပွဲကို အာရှနိုင်ငံအသီးသီးကတက္ကသိုလ်ဘွဲ့ရ၊ ဘွဲ့ကြိုလူငယ်တွေ ပါဝင် ယှဉ်ပြိုင်နိုင်မယ်လို့  ပွဲစီစဉ်ကျင်းပတဲ့ အဖွဲ့တဖွဲ့ဖြစ်တဲ့ အာရှစွန့်ဦးတီထွင် ရှေ့ ဆောင်အဖွဲ့ (အေအိုင်အိုင်) က သတင်းထုတ်ပြန်ပါတယ်။ တဦးချင်း ဒါမှမဟုတ် အဖွဲ့လိုက် ယှဉ်ပြိုင်နိုင်မယ့် ဒီအစီအစဉ်ကို ဘွဲ့ရကျောင်းသားတွေရော ဘွဲ့ကြိုကျောင်းသားတွေပါ ပါဝင်ယှဉ်ပြိုင်နိုင်မှာဖြစ်ပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာမတိုင်ခင် ၅ နှစ်အတွင်း ဘွဲ့ရရှိပြီးခဲ့သူတွေလည်း ပါဝင်ယှဉ်ပြိုင်နိုင်မှာဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းအမျိုးအစားကို သတ်မှတ်မထားပဲ ယှဉ်ပြိုင်နိုင်မယ့် ဒီအစီအစဉ်မှာ ပါဝင်ယှဉ် ပြိုင်မယ့်သူတွေအနေနဲ့ အခြားပြိုင်ပွဲ တခုခုမှာ ဆုရထားတာမဖြစ်စေရဘဲ အင်္ဂလိပ်(သို့) ဂျပန်ဘာသာတခုခုနဲ့ ပြိုင်ပွဲဝင်ရမယ်လို့ သတင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဆုရွေးချယ်ရေးအဆင့်သုံးဆင့် သတ်မှတ်ထားပြီး ပထမဆုရရှိသူကို အမေရိကန် ဒေါ်လာ ၁၀၀၀၀ ချီးမြှင့်မှာဖြစ်ပြီး လျှောက်လွှာတင်ရမယ့် နောက်ဆုံးရက်ကတော့ စက်တင်ဘာ ၃၀ ရက်ဖြစ်ပါတယ်။ ဆုရရှိသူတွေဟာ ဂျပန်နိုင်ငံကို ၁ ပါတ်ကြာသွားရောက်လည်ပတ်ခွင့်ရမှာဖြစ်ပြီး ဂျပန်နိုင်ငံ က ထိပ်တန်းစီးပွားရေးလုပ်ငန်းတွေကို လေ့လာခွင့်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဂျပန်နိုင်ငံတက္က သိုလ်ကျောင်းသားတွေနဲ့တွေ့ဆုံပြီး ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်တွေ၊ ဂျပန်နိုင်ငံရဲ့ ရိုးရာ စီးပွားရေးလုပ်ငန်းနဲ့ ခေတ်သစ်စီးပွားရေးလုပ်ငန်းတွေကိုလည်း လေ့လာနိုင်မှာဖြစ်ပြီး အာရှစွန့်ဦး တီထွင်ဖိုရမ် ၂၀၁၅ ကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ ဒုတိယအကြိမ်ကျင်းပခဲ့တဲ့ လူငယ်စွန့်ဦးတီထွင်ဆုပြိုင်ပွဲကို နိုင်ငံပေါင်း ၂၀ မှ ပြိုင်ပွဲဝင်သူ ၁၄၃ ဦးရှိခဲ့တယ်လို့ဆိုပါတယ်။ အသေးစိတ်အချက်အလက်တွေပါဝင်တဲ့လျှောက်လွှာကို အွန်လိုင်းစာမျက်နှာ http://www.aif21c.com/yea/en/dl/3rdYEA_Application-Form.xlsx  သို့မဟုတ် အာရှစွန့်ဦးတီထွင်ရှေ့ဆောင်အဖွဲ့(အေအိုင်အိုင်)ရဲ့ဖေ့စ်ဘွတ်စာမျက်နှာ https://www.facebook.com/AsiaInnovationForum  မှတဆင့်ဒေါင်းလုဒ်ရယူနိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024