နည်းပြ ပယ်လီဂရီနီကို မန်စီးတီးက စာချုပ်သက်တမ်း ၂ နှစ် ထပ်တိုး

မန်ချက်စတာစီးတီးအသင်းက နည်းပြ ပယ်လီဂရီနီကို စာချုပ်သက်တမ်း ၂ နှစ် ထပ် တိုးလိုက်ပါတယ်။ စီးတီးက စာချုပ် သက်တမ်းတိုးလိုက်တဲ့အတွက် နည်းပြဟာ ၂၀၁၇ အထိ အသင်းမှာရှိနေမှာ ဖြစ်ပါတယ်။ ချီလီနိုင်ငံသား နည်းပြရဲ့ လက်ရှိ စာချုပ်ဟာ လာမယ့် နှစ်မှာ ကုန်ဆုံးမှာပါ။ ပြီးခဲ့တဲ့ ဘောလုံးရာသီအကုန်မှာတုန်းက မန်စီးတီးက နည်းပြသစ် ခန့်အပ်ဖို့အတွက် ချဲလ်ဆီး နည်းပြဟောင်း အန်စလော့တီနဲ့ ဒေါ့မန်နည်းပြဟောင်း ဂျာကန် ကလော့တို့ကို ချိတ်ဆက်မှုတွေ လုပ်ခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ မန်စီးတီးက အသက် ၆၁ နှစ်အရွယ် လက်ရှိ နည်းပြကိုပဲ စာချုပ်သက်တမ်း တိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။ နည်းပြ ပယ်လီဂရီနီဟာ ၂၀၁၃ မှာ ပရီးမီးယားလိဂ်ကို ရောက်ရှိပြီး ရောက်တဲ့နှစ်မှာပဲ ချန်ပီယံဆုကို ရယူပေးထားပါတယ်။ မန်စီးတီးဟာ သြဂုတ် ၁၀ ရက်နေ့မှာတော့ ဒီနှစ်ရာသီ အဖွင့်ပွဲစဉ်အဖြစ် ၀က်စ်ဘရောင်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

More News
Up