A d v e r t i s e m e n t With Us

ကမ္ဘီယာဆုိ ကုိ အိုလံပီယာကို့စ်အသင်းက ခေါ်ယူ

ဂရိဘောလုံးကလပ် အိုလံပီယာကို့စ်အသင်းက အာဂျင်တီးနား ကွင်းလယ်သမား ကမ်ဘီယာဆိုကို ခေါ်ယူဖို့ သဘောတူညီချက် ရသွားပါတယ်။ အသက် ၃၄ နှစ်အရွယ် ၀ါရင့် ကွင်းလယ်သမားဟာ လက်ဆက်စတာစီးတီးအသင်းက စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းချက်ကို ငြင်းပယ်ပြီး ဂရိကလပ်နဲ့ စာချုပ်ခဲ့တာပါ။ ကမ်ဘီယာဆိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက လက်ဆက်စတာစီးတီးအတွက် ၃၃ ပွဲ  ကစားပေးထားပြီး အသင်းက ပေးအပ်တဲ့ တနှစ်တာ အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိထားပါတယ်။ သူဟာ အသင်းကို ပရီးမီးယားလိဂ်ကနေ တန်းမဆင်းရအောင် အဓိက နေရာကနေ ကူညီထားပါတယ်။ အာဂျင်းတီးနား လက်ရွေးစင်ဟောင်း ကွင်းလယ်သမားဟာ ရီရဲလ်မက်ဒရစ်နဲ့ အင်တာမီလန်တို့မှာ ကစားခဲ့ဖူးပြီး ချန်ပီယံလိဂ် ဆုဖလားနဲ့ အမှတ်ပေးလိဂ်ဖလားတွေကို ရရှိထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up