စပိန် တွင် တောမီးလောင်ကျွမ်း၊ လူ ထောင်ချီ ဘေးလွတ်ရာ ပြောင်းရွှေ့ (ရုပ်သံ)

1.7K
စပိန်နိုင်ငံ စီရာ ဒီ ဂါတာ Sierra de Gata တောင်ပေါ် ဒေသမှာ တောမီး လောင်ကျွမ်းနေတာကြောင့် နယ်ခံ ၂၄၀၀ လောက်ကို ဘေးလွတ်ရာ ပြောင်းရွှေ့ပေးထားရပါတယ်။
တောမီးဟာ တမင် ရည်ရွယ်ချက်ရှိရှိ ရှို့မီးဖြစ်ဖို့ များတယ်လို့ တာဝန်ရှိသူတွေက ပြောပြီး အကျယ်အ၀န်း ဟတ်တာ ထောင်ပေါင်းများစွာကို မီးကူးစက် လောင်ကျွမ်းခဲ့ပါတယ်။
အပူချိန် မြင့်မားတာနဲ့ လေထန်နေတာကြောင့် မီးလောင်ရာလေပင့် ဆိုသလို မီးကူးစက်တာ မြန်ဆန်အောင် အားပေးသလို ဖြစ်နေတယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။
စီရာ ဒီ ဂါတာ တောင်ပတ်ပတ်လည် မြို့သုံးမြို့ကနေ ထွက်ခွာခဲ့ရသူတွေဟာ လောလောဆယ်မှာ ယာယီ အမိုးအကာတွေနဲ့ပဲ နေထိုင်နေကြပါတယ်။
ကယ်ဆယ်ရေးအဖွဲ့တွေက အိမ်တံခါးကို ခေါက်ပြီး ခေါ်ဆောင်လာတာကြောင့် ယာယီစခန်းမှာ ရောက်နေတာလို့ နယ်ခံတဦးက ပြောပါတယ်။
မီးသတ်သမားတွေနဲ့ အနီးအနားဒေသက လေယာဉ်တွေရဲ့ အကူအညီနဲ့ မီးကို ငြိမ်သက်ဖို့ ကြိုးစားနေရပါတယ်။