A d v e r t i s e m e n t With Us

မန်ယူ နိုင်ပြီး ချဲလ်ဆီး သရေကျသွားသည့် ပရီးမီးယားလိဂ်

သြဂုတ် ၈ ရက်နေ့က အင်္ဂလိပ် ပရီးမီးယားလိဂ် ဘောလုံးရာသီတွေ ပြန်လည် စတင်ခဲ့ရာမှာ အသင်းကြီးတွေထဲက မန်ယူ အနိုင်ရပြီး ချဲလ်ဆီး သရေကျ သွားပါတယ်။ မန်ယူက အိမ်ကွင်းမှာ တော့တင်ဟမ်ကို ၁ ဂိုးဂိုး မရှိနဲ့ နိုင်ပြီး ပွဲဦးထွက်မှာ ၃ မှတ် ရသွားပါတယ်။ မန်ယူအတွက် အနိုင်ဂိုးကို တဖက်နောက်ခံလူ ကိုယ့်ဂိုးကိုယ် သွင်းမိရာကနေ ရသွားတာ ဖြစ်ပါတယ်။ ဒီပွဲမှာ မန်ယူ ဂိုးသမားသစ် ရိုမီရိုက တဖက်အသင်းရဲ့ ကန်ချက်တွေကို လက်စွမ်းပြ ကာကွယ်နိုင်ခဲ့ပါတယ်။ 150808180058-oscar-chelsea-vs-swansea-exlarge-169ချဲလ်ဆီးကတော့ အိမ်ကွင်းမှာ ဆွမ်ဆီနဲ့ ၂ ဂိုးစီ သရေကျသွားပါတယ်။ ဒီပွဲမှာ လက်ရှိ ချန်ပီယံ ချဲလ်ဆီးအသင်းက ဂိုးသမား အထုတ်ခံရလို့ တယောက်လျော့နဲ့ ယှဉ်ပြိုင်သွားရပြီး သရေတမှတ်ပဲ ရယူနိုင်ခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာတုန်းက ရာသီအစကနေ ချန်ပီယံ ဖြစ်တဲ့အထိ အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up