A d v e r t i s e m e n t With Us

နိုင်ငံတ၀န်း ရေဘေးသင့်ပြည်သူများအတွက် ဘာသာပေါင်းစုံ ဆုတောင်း

ရေဘေးသင့်ပြည်သူတွေအတွက် ဘာသာအသီးသီးက ၀တ်ပြုဆုတောင်းပွဲတခုကို ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့က ဦးဆောင်ပြီး ရန်ကုန်မြို့၊ ၀ိုင်အမ်စီအေခန်းမမှာ သြဂုတ်လ ၈ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ “ဆုံးရှုံးခဲ့တာတွေအတွက် ကူညီကြလို့ တချို့ အဆင်ပြေတယ်။ ဒါပေမယ့် ရင်ထဲက ထိခိုက်မှုအတွက် ခုလို ဘာသာပေါင်းစုံက ဆုတောင်းမေတ္တာပို့ပေးရတာပါ” လို့ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့က အငြိမ်းစားသံအမတ်ကြီး ဒေါက်တာ လှမောင်က ပြောပါတယ်။ ဘာသာပေါင်းစုံ ချစ်ကြည်ရေးညီညွတ်ရေးအဖွဲ့အနေနဲ့ လက်ရှိမှာ ရေဘေးသင့်ဒေသတွေကို ကယ်ဆယ် ထောက်ပံရေးလုပ်နေသလို ပြန်လည်ထူထောင်ရေးအတွက်လည်း စီစဉ်ဆောင်ရွက်နေပါတယ်။ ကယ်ဆယ်ရေးအတွက် မြွေဆိပ်ဖြေဆေးတွေပါ ထောက်ပံ့နိုင်အောင် စီစဉ်နေသလို ပြန်လည်ထူထောင်ရေးမှာလည်း စိတ်ဓာတ်ကိုပါ ကုစားနိုင်အောင် ဆောင်ရွက်မှာ ဖြစ်ပါတယ်။ “ချင်းနဲ့ ရခိုင်ပြည်နယ်တွေကို ဆန်တွေ ပို့ပေးထားပါပြီ။ ဗဟိုအနေနဲ့ ကျပ်သိန်း ၁၅၀၀ သုံးဖို့ လျာထားပါတယ်။ ခုက ကယ်ဆယ်ရေး။ ခဏလေးပဲ။ ပြန်လည်ထူထောင်ရေးအတွက် လူငယ်တွေကို သင်တန်းတွေပေးပြီး ရေဘေးဖြစ်ခဲ့တဲ့ ဒေသတွေကို လွှတ်မှာပါ” လို့ ဘာသာပေါင်းစုံ ချစ်ကြည်ရေးညီညွတ်ရေးအဖွဲ့ ဒေါက်တာသာဉာဏ်က ပြောပါတယ်။ ပွဲကိုတက်ရောက်လာတဲ့ ဘာသာတခုချင်းစီအလိုက် ဆုတောင်းခဲ့ကြသလို အားလုံးစုပေါင်းပြီးတော့လည်း မေတ္တာပို့ခဲ့ကြပါတယ်။  

A d v e r t i s e m e n t With Us

More News
Up