အိတ်ထဲထည့် သယ်ဆောင်နိုင်မည့်ကား ဂျပန်အင်ဂျင်နီယာများ တီထွင် (ရုပ်သံ)

3.7K
ကျောပိုးအိတ်ထဲထည့် သယ်ဆောင်သွားလို့ရမယ့် အသေးစား ပို့ဆောင်ရေးယာဉ်တမျိုးကို ဂျပန် ကုမ္ပဏီက ပြသလိုက်ပါတယ်။
မကြာခင်အချိန် တိုကျိုက လမ်းတွေပေါ်မှာ WalkCar ဆိုတဲ့ ဒီကားတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။
အလျူမီနီယံကားလေးဟာ ၁ နာရီကို ၁၀ ကီလိုမီတာနှုန်းနဲ့ မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။
ကိုကိုအာ မော်တာကုမ္ပဏီက အိတ်ထဲမှာ သယ်ဆောင်လို့ ရအောင် ဒီဇိုင်းဖန်တီးပေးထားတာ ဖြစ်ပါတယ်။
ဒီပေါ်မှာ လိုက်ပါစီးနင်းတဲ့သူတွေ အလေးချိန်အပြောင်းအလဲကို လိုက်ပြီး ဦးတည်ရာကို ပြောင်းလဲနိုင်တယ်လို့ ဆိုပါတယ်။
ဒီကားကို စမ်းသပ်တာတာ အောင်မြင်သွားရင် လာမယ့်နှစ်မှာ ဒေါ်လာ ၈၀၀ နဲ့ ရောင်းချနိုင်မှာ ဖြစ်ပါတယ်။