A d v e r t i s e m e n t With Us

ကော်လိုရာဒို ရုပ်ရှင်ရုံထဲ ၀င်ပစ်သည့် သေနတ်သမားကို ထောင်ဒဏ်တသက် ချမှတ်

ကော်လိုရာဒို ရုပ်ရှင်ရုံထဲ သေနတ်နဲ့ ၀င်ပစ်ခဲ့တဲ့ အသက် ၂၇ နှစ်အရွယ် ဂျိမ်း ဟုမ်းစ် James Holmes ကို သြဂုတ် ၇ ရက်နေ့က ထောင်ဒဏ်တသက် ချမှတ်လိုက်ပါတယ်။ အာဟာရဗေဒ ကျောင်းသား ဖြစ်ခဲ့ဖူးတဲ့ တရားခံကို သေဒဏ်ပေးဖို့ သြဂုတ် ရက်နေ့က ၉ ဦးပါတဲ့ ဂျူရီ လူကြီးအဖွဲ့တွေကြားမှာ  တခဲနက် သဘောတူညီချက် မရရှိခဲ့တာကြောင့် လွတ်ငြိမ်းချမ်းသာခွင့်မရှိတဲ့ ထောင်ဒဏ်တသက်ကိုပဲ ချမှတ်လိုက်တာ ဖြစ်ပါတယ်။ အစိုးရ ရှေ့နေတွေက တရားခံ ဟုမ်းစ်ဟာ ၂၀၁၂ ခုနှစ်က ညသန်းခေါင် Batman ရုပ်ရှင် ပြနေချိန်မှာ ရုပ်ရှင်ရုံထဲဝင်ပြီး သွေးအေးအေးနဲ့ လူ ၁၂ ယောက်ကို ပစ်သတ်ခဲ့တဲ့ ရာဇ၀တ်မှုအတွက် သေဒဏ်ကျသင့်တယ်လို့ လျှေက်လဲပါတယ်။ သူ့လက်ချက်ကြောင့် လူ ၇၀ လည်း ဒဏ်ရာရခဲ့ပါတယ်။ ဟုမ်းစ်ရဲ့ ရှေ့နေက သူ့အမှုသည်မှာ စိတ်ပိုင်းဆိုင်ရာ ဝေဒနာ ရှိတယ်လို့ ခုခံ ချေပပေမယ့် တရားသူကြီးတွေက လက်မခံပါဘူး။ တရားခွင်ဟာ ၄ လကြာခဲ့ပြီး  ဟုမ်းစ်လက်ချက်နဲ့ သေဆုံးခဲ့သူတွေရဲ့ ဆွေမျိုးသားချင်းတွေ မျက်ရည်လည်ရွဲနဲ့ ထွက်ဆိုခဲ့ကြတဲ့ နေ့တွေလည်း ပါဝင်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up