A d v e r t i s e m e n t With Us

ထိုင်ဝမ် တွင် တိုင်ဖုန်းကြောင့် ပိတ်မိနေသူများကို ကယ်ဆယ် (ရုပ်သံ)

သြဂုတ် ၈ ရက် ထိုင်ဝမ်ကို ဖြတ်သန်းတိုက်ခတ်နေတဲ့ ဆိုဒီလောတိုင်ဖုန်းမုန်တိုင်းကြောင့် မြစ်တဘက်ကမ်းမှာ ပိတ်မိနေတဲ့သူတွေကို ကယ်ဆယ်ရေး လုပ်သားတွေက ကယ်ဆယ်ခဲ့ပါတယ်။ မုန်တိုင်းကြောင့် မိုးများရွာသွန်းခဲ့ပြီး မြစ်ရေတက်လာတဲ့အတွက် တဖက်ကမ်းမှာ လူ ၂ ဒါဇင်လောက် ပိတ်မိနေတာကို အသက်ကယ်အကျီတွေ ၀တ်ခိုင်းပြီး ကယ်ဆယ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ အိမ်ထောင်စု ၇ စုက လူ ၂၁ ဦးကို ကယ်ဆယ်ပေးနိုင်ခဲ့ပြီ ဖြစ်တယ်လို့လည်း ထိုင်ဝမ်သတင်းတွေက ဖော်ပြပါတယ်။ တိုင်ဖုန်းမုန်တိုင်းကြောင့် အနည်းဆုံး လူ ၄ ဦးသေဆုံးပြီး ၆၄ ဦး ဒဏ်ရာရခဲ့သလို မြေပြို ရေကြီးတာတွေလည်း ဖြစ်ပွားနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up