အမေရိကန်တွင် နျူကလီးယား ဆန့်ကျင်ဆန္ဒပြသူ ၅၀ ခန့် ဖမ်းဆီးခံရ (ရုပ်သံ)

3.2K
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မှာ နျူကလီးယား လက်နက် ဆန့်ကျင်ရေး ဆန္ဒပြတဲ့ လူ ၅၀ ၀န်းကျင် အဖမ်းခံလိုက်ရတယ်လို့ စပိန်သတင်းဌာနတခုမှာ ဖော်ပြပါတယ်။
ဆန္ဒပြသမားတွေထဲမှာ အသက် ၈၀ ကျော်တွေလည်း ပါဝင်ပြီး လူစုခွဲဖို့ အမိန့်ပေးတာကို သူတို့က အာခံခဲ့ကြတယ်လို့ ဆိုပါတယ်။
နျူကလီးယား ဖွံ့ဖြိုးရေးလုပ်ငန်း စမ်းသပ်ဖို့အတွက် ၁၉၅၂ ခုနှစ်က တည်ဆောက်ခဲ့တဲ့ လော့ရန် လစ်ဗာမော ဓာတ်ခွဲခန်း အပြင်ဘက်မှာ သြဂုတ် ၆ ရက်နေ့ လူ ၃၀၀ လောက် စုရုံးခဲ့ပြီး ဟီရိုရှီးမားနေ့ နှစ် ၇၀ ပြည့်အထိမ်းအမှတ်အဖြစ် ဆန္ဒပြခဲ့ကြတာပါ။
နျူကလီးယား သုတေသန လုပ်ငန်းအတွက် အမေရိကန်အစိုးရက အသုံးပြုတဲ့ ငွေပမာဏကို သိရှိခွင့်ရဖို့နဲ့ လွန်ခဲ့တဲ့ နှစ် ၇၀ က ဟီရိုရှီးမားမြို့ကို နျူကလီးယား ဗုံးပစ်ချခဲ့စဉ်က သေဆုံးခဲ့သူတွေအတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ဆန္ဒပြတာလို့ ဆိုပါတယ်။
ဆန္ဒပြပွဲမှာ ဆန်ဖရန်စစ္စကို ဘေး နယ်မြေမှာ နေထိုင်တဲ့ ဂျပန်လူမျိုးတွေလည်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
စစ်ဆန့်ကျင်ရေး၊ နျူကလီးယား လက်နက် ဆန့်ကျင်ရေးအတွက် သိချင်းဆို ကခုန်ခဲ့ကြပြီး နဖူးစည်း စာတမ်းတွေကို ကိုင်ဆောင် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။