မြန်မာ့ရေဘေး အတွက် ဒေါ်လာ ၉ သန်း ကုလ ကူညီမည်
DVB
·
August 8, 2015
မြန်မာနိုင်ငံ ရေဘေးမှာ ကူညီပေးနေတဲ့ အဖွဲ့တွေကို ဒေါ်လာ ၉ သန်းပေးသွားမယ်လို့ ကုလသမဂ္ဂ လူသားခြင်း စာနာမှုဆိုင်ရာ အကြီးတန်း အရာရှိက သြဂုတ် ၇ ရက်က ပြောပါ တယ်။
ဒီငွေတွေက အရမ်းလိုအပ်နေတဲ့ လူတွေကို အရေးပေါ်ခိုလှုံဖို့နေရာ၊ သန့်ရှင်းတဲ့ရေ အထောက်အပံ့၊ အစားအစာ၊ အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုတွေနဲ့ တခြား ၀န်ဆောင်မှုတွေ ပေးနိုင်မယ်လို့ လူသားချင်း စာနာမှုဆိုင်ရာနဲ့ အရေးပေါ် ပြန်လည်ထူထောင်ရေး ညှိနှိုင်းဆောင်ရွက်ရေးမှူးက ပြောပါတယ်။
ကုလသမဂ္ဂ အရေးပေါ် တုံ့ပြန်မှု ရန်ပုံငွေဆိုင်ရာ ဗဟိုဌာနက ထုတ်ပေးလိုက်တဲ့ ငွေတွေဟာ ရခိုင်၊ ချင်းပြည်နယ်နဲ့ စစ်ကိုင်း၊ မကွေးတိုင်းဒေသကြီးမှာ လုပ်ဆောင်နေတဲ့ အကူ အညီပေးရေး အဖွဲ့တွေရဲ့ လုပ်ငန်းတွေကို အထောက်အကူဖြစ်စေမယ်လို့ ဆိုပါတယ်။
ရေဘေးကြောင့် လူ ၃ သိန်း ၃ သောင်းကျော် ထိခိုက်ခဲ့သလို အနည်းဆုံး ၈၈ ဦး သေဆုံး သွားပြီလို့ဆိုပါတယ်။
ရေဘေးအတွက် အရေးပေါ်တုံ့ပြန်မှုတွေလုပ်ဆောင်ဖို့အတွက် ဒေါ်လာ ၄၇ သန်း လိုအပ်မယ်လို့ အကူအညီပေးရေး အဖွဲ့တွေက ခန့်မှန်းထားပါတယ်။ ဒါပေမယ့် ရေဘေးထိခိုက်ခံရတဲ့ လူဦးရေနဲ့ လိုအပ်ချက်တွေက ပိုမြင့်လာနိုင်တယ်လို့ ဆိုပါတယ်။
ရာသီဥတုအခြေအနေက ကောင်းမွန်လာပေမယ့် ရေတွေက ပဲခူး၊ ဧရာဝတီ၊ ရန်ကုန်တိုင်းဒေသကြီးတွေဆီကို စီးဆင်းလာတဲ့အတွက် မြစ်ရေမြင့်တက်ပြီး နေရာသစ်တွေမှာ ရေကြီးမှုတွေ ဖြစ်လာမှာကိုလည်း စိုးရိမ်ပူပန်မှုတွေရှိနေပါတယ်။