A d v e r t i s e m e n t With Us

ပြန်ပေးဆွဲ ခံထားရသည့် ပြင်သစ်နိုင်ငံသူ ပြန်လွတ်

ပြန်လွတ်လာသည့် ပြင်သူနိုင်ငံသူ (လယ်)
အခုနှစ် ဖေဖော်ဝါရီလက ရီမင်နိုင်ငံမှာ ပြန်ပေးဆွဲခံရတဲ့ ပြင်သစ်နိုင်ငံသူဟာ သြဂုတ် ၆ ရက်ညက ပြန်လွတ်လာခဲ့ပြီး သြဂုတ် ၇ ရက်နေ့မှာ ပြင်သစ်နိုင်ငံကို ပြန်လည်ရောက်ရှိလာပါတယ်။ ပြင်သစ်သမ္မတ၊ နိုင်ငံခြားရေးဝန်ကြီးနဲ့ မိသားစုဝင်တွေက လေဆိပ်မှာ သွားရောက်ကြိုဆိုခဲ့ကြပါတယ်။ အသက် ၃၀ အရွယ် အစ္စဘဲလီ ဖရင်းန် (Isabelle Prime) ဟာ ဆနာမြို့တော်မှာ ကမ္ဘာ့ဘဏ်က ထောက်ပံ့တဲ့ စီမံကိန်းတခုရဲ့ အကြံပေးအဖြစ်တာဝန်ထမ်းဆောင်နေချိန် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ပြန်ပေးဆွဲခံရတာပါ။ သူပြန်လွတ်မြောက်လာဖို့ ပြင်သစ်နိုင်ငံက ပြန်ပေးငွေပေးခဲ့ရခြင်းမရှိဘူးလို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးကပြောဆိုပြီး အိုမန်နိုင်ငံက အစွမ်းကုန်ကူညီပေးခဲ့တယ်လို့ ပြောဆိုပါတယ်။ ဘယ်သူတွေက ပြန်ပေးဆွဲခဲ့တာဆိုတာကိုလည်း အတည်ပြုပြောဆိုတာမရှိပါဘူး။ အခုနှစ်အစောပိုင်းကလည်း ရှီယာသူပုန်တွေရဲ့ ပြန်ပေးဆွဲခံရတဲ့ အမေရိကန်သတင်းထောက် ခေစီ ကုမ်း Casey Coombs နဲ့ တခြားပြန်ပေးဆွဲခံရသူတွေ ပြန်လွတ်ဖို့လည်း အိုမန်နိုင်ငံကလည်း ကူညီစေ့စပ်ပေးခဲ့တာပါ။ ရှီယာဟူသီသူပုန်တွေနဲ့ ဒေသခံရီမင် တိုင်းရင်းသားလက်နက်ကိုင်တွေဟာ ရီမင်အစိုးရကို အကျပ်ကိုင်ဖို့၊ အစိုးရရဲ့ ဖမ်းဆီးခံထားရတဲ့ ဆွေမျိုးတွေကိုပြန်လွှတ်ပေးဖို့ နိုင်ငံခြားသားတွေကို ပြန်ပေးဆွဲလေ့ရှိခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up