ထိုင်ဝမ် တွင် တိုင်ဖုန်းဝင်ရောက်၊ လူ ၄ ဦးသေဆုံး (ရုပ်သံ)

သြဂုတ် ၈ ရက် ထိုင်ဝမ်ကို ဖြတ်သန်းတိုက်ခတ်နေတဲ့ ဆိုဒီလောတိုင်ဖုန်းမုန်တိုင်းကြောင့် အနည်းဆုံး လူ ၄ ဦးသေဆုံးပြီး ၂၇ ဦး ဒဏ်ရာရသွားသလို လူ ၂သန်း လျှပ်စစ်ဓာတ်အားပြတ်တောက်နေပါတယ်။ သေဆုံးသူတွေထဲမှာ ကမ်းခြေမှာ ကစားနေတဲ့ မိန်းကလေးတဦးနဲ့ မိခင်ဖြစ်သူတို့ ပါဝင်နေ သလို မိန်းကလေးရဲ့ အမြွှာ ညီအစ်မ ကလည်း ပျောက်ဆုံးနေတယ်လို့ ထိုင်ဝမ် အာဏာပိုင်တွေကို ကိုးကားပြီး နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြပါတယ်။ ဒါအပြင် လမ်းပေါ်မှာ လဲကျနေတဲ့ သစ်ပင်ကို ရှင်းလင်းဖို့ ကြိုးစားနေတဲ့ မီးသတ်သမား တဦးလည်း အရက်မူးနေတဲ့ ကားသမားမောင်းတဲ့ ယာဉ်တိုက်မှုကြောင့် သေဆုံးသွားတယ်လို့ ဆိုပါတယ်။ တနာရီကို ၁၂၉ မိုင်နှုန်းနဲ့ တိုက်ခတ်တဲ့ တိုင်ဖုန်းဟာ ထိုင်ဝမ်ကို ဖြတ်သန်းတိုက်ခတ်နေတဲ့ အတွက် ကျောင်းတွေ စီးပွားရေး လုပ်ငန်းတွေ ရထားနဲ့ လေယာဉ်စတဲ့ သယ်ယူပို့ဆောင်ရေး ခရီးစဉ်တွေကို ရပ်ဆိုင်းခဲ့ရပါတယ်။ ယီလန် စီရင်စုက ထိုင်ပိုင်ရှန်မှာတော့ ၃၆ နာရီအတွင်း မိုးရေချိန် ၄၆ လက်မ အထိရှိခဲ့တယ်လို့ ဗဟိုမိုးလေ၀သဌာနက ထုတ်ပြန်ထားပါတယ်။ ဒီမုန်တိုင်းဟာ တရုတ်နိုင်ငံကို ဦးတည်ရွှေ့လျားနေတယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up