ကာဗာနီ အပေါ် လက်သရမ်းခဲ့မှု ချီလီနောက်ခံလူ ပြန်တောင်းပန်

1.9K
ကျင်းပပြီးစီးသွားတဲ့ ကိုပါဖလားပြိုင်ပွဲ ဥရုဂွေး ချီလီပွဲစဉ်မှာ ဥရုဂွေးကစားသမား အီဒင်ဆန် ကာဗာနီအပေါ် လက်သရမ်းခဲ့တာ မှားယွင်းတယ်လို့ ချီလီကစားသမား ဂွန်ဇာလို ဂျာရာက ပြောပါတယ်။
ဒီဖြစ်ရပ်ဟာ အငြင်းပွားဖွယ်ရာ ဖြစ်ခဲ့ပြီး ပြန်လည်တုံ့ပြန်တဲ့ ကာဗာနီကို ၂ ၀ါ ၁ နီနဲ့ အထုတ်ခံရပါတယ်။ ဒီပွဲမှာ ချီလီက အနိုင်ရရှိခဲ့ပြီး ပွဲပြီးတဲ့နောက် ဂျာရာကိုလည်း ၂ ပွဲပယ် ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။
ဂျာရာက ဒီဖြစ်ရပ်အပေါ် သူမှားယွင်းကြောင်းနဲ့ သူက ဆွပေးလိုက်တာလို့ ပြောဆိုခဲ့ပါတယ်။
“ဒါဟာ အမှားအယွင်းဖြစ်ပါတယ်၊ နောက်တော့ ပြန်မဖြစ်တော့ပါဘူး။ ကျနော်ဘာလုပ်လိုက်သလဲဆိုတာ မြင်နိုင်ပါတယ်။ နောက်တကြိမ် ဒီလိုစော်ကားတာကို ထပ်မလုပ်တော့ပါဘူး” လို့ ဂျာရာက ပြောပါတယ်။
နိုဝင်ဘာမှာ ချီလီနဲ့ ဥရုဂွေးတို့ ကစားရဖို့ ရှိနေပါတယ်။