မော်ရင်ဟို ချဲလ်ဆီးနှင့် ၄ နှစ်သက်တမ်းတိုး

2.3K
အင်္ဂလန်ပရီးမီးယားလိဂ် ချဲလ်ဆီးအသင်းနည်းပြ ဂျိုဆေး မော်ရင်ဟိုက အသင်းနဲ့ ၄ နှစ်သက်တမ်း စာချုပ်ကို လက်မှတ်ရေးထိုးလိုက်ပါတယ်။
စာချုပ်အသစ်က ၂၀၁၉ ခုနှစ်အထိ မော်ရင်ဟိုက ချဲလ်ဆီးမှာ နည်းပြတာဝန်ကို ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။
“နည်းပြ စာချုပ်သစ်ချုပ်ဆိုတာ ကျနော်အတွက်ကတော့ သာမန်ပါပဲ။ အနာဂတ်မှာ ပရိသတ်ကစားသမားနဲ့ ကလပ်အသင်းအတွက် အောင်မြင်မှုတွေ ရမယ်လို့ မျှော်လင့်ပါတယ်” လို့ မော်ရင်ဟိုက ပြောပါတယ်။
အင်္ဂလန်အသင်းခေါင်းဆောင် အလန်ရှီးယားကတော့ မော်ရင်ဟိုဟာ အကောင်းဆုံး မန်နေဂျာ ဖြစ်သလို အမှတ်ယူတတ်တယ်လို့ ပြောပါတယ်။
“မော်ရင်ဟိုက အသင်းကြီး ၄ သင်းထဲက တသင်းသင်းကို တာဝန်ယူရင် သူတာဝန်ယတဲ့ အသင်းက ဖလားရဖို့ နီးစပ်တယ်လို့ ဆိုရမှာပါ” လို့ ရှီးယားက ပြောပါတယ်။
ချဲလ်ဆီးအသင်းဟာ မော်ရင်ဟိုရဲ့ ဦးဆောင်မှုနဲ့ အရင်နှစ်က ပရီးမီးယားလိဂ် ဖလားနဲ့ ကတ်ပီတာဝမ်းဖလားကို ရယူနိုင်ခဲ့ပါတယ်။
၂၀၀၄-၂၀၀၇ ခုနှစ်အထိ မော်ရင်ဟိုဟာ ချဲလ်ဆီးကို တာဝန်ယူခဲ့သလို ၂၀၁၃ ခုနှစ်မှာ ချဲလ်ဆီးကို ပြန်လည် ရောက်ရှိလာပြီး ၄ နှစ် သက်တမ်းရှိ စာချုပ် ချုပ်ဆိုခဲ့ပါတယ်။