Home
အထွေထွေ
ဟားခါး လူနေအိမ်ထက်ဝက် ပြောင်းရွှေ့ရမည်ဟု ချင်းလူမှုရေးဝန်ကြီးပြော
DVB
·
August 7, 2015
ပြီးခဲ့တဲ့ဇူလိုင်လက မိုးသည်းထန်စွာရွာသွန်ခဲ့ပြီး မြေပြိုမှုတွေ ဖြစ်ပွားခဲ့တာကြောင့် ဟားခါး မြို့ လူနေအိမ်ထက်ဝက်လောက် ပြောင်းရွှေ့ရမယ်လို့ ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာဘမောင်က ဒီဗွီဘီကို ပြောပါတယ်။ ရပ်ကွက်တွေ ပြန်လည်နေရာချဖို့အတွက် အစိုးရက လုပ်ဆောင်နေသလို အနည်းဆုံး ၆ လလောက်  အချိန်ယူရမယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။ ဟားခါးမြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ပြည်တော်သာ၊ မြို့ဟောင်း၊ ဈေးသစ်၊ ကျော်ဘုတ် စတဲ့ ရပ်ကွက်တွေက အိမ်ခြေ ၆၀၀ ကျော် ပျက်စီးသွားသလို မြို့နားရွာတွေဖြစ်တဲ့ ခွာဘဲ၊ ဘဲအိုသဲ၊ မဲန်နူး စတဲ့ရွာတွေက အိမ်ခြေပေါင်း ၁၀၀ ကျော် ပျက်စီးသွားတယ်လို့ ဟားခါးကူညီကယ်ဆယ်ရေး ကော်မတီက ပြောပါတယ်။ အဲ့ဒီပျက်စီးမှုတွေထဲမှာတော့ စာသင်ကျောင်း ၄ ကျောင်း ပါဝင်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ နေအိမ်ပျက်စီးသွားသူတွေနဲ့ စိုးရိမ်ရတဲ့ နေအိမ်တွေကို စွန့်ခွာလာတဲ့ ဒုက္ခသည်တွေကတော့ မြို့ပေါ်က ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြပါတယ်။ သတင်းဓာတ်ပုံ - သူရိန်၊ ဖိုးကျော်  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024