A d v e r t i s e m e n t With Us

မြန်မာယူ ၁၆ အာဆီယံ ချန်ပီယံရှစ် ဗိုလ်လုပွဲတက်

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မှာ ကျင်းပနေတဲ့ အာဆီယံ ယူ ၁၆ ချန်ပီယံရှစ်ဘောလုံး ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ မြန်မာက လာအိုအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိပြီး ဗိုလ်လုပွဲ တက်ရောက်သွားပါတယ်။ ပထမပိုင်း ၃၂ မိနစ်မှာ မြန်မာအသင်းက ကစားသမား ကျောနံပါတ် ၈ ပြည့်စုံနိုင်က ဦးဆောင်ဂိုးသွင်းယူလိုက်တာ ဖြစ်ပါတယ်။ တဂိုးအသွင်းခံရပြီးတဲ့နောက် လာအိုအသင်းက မြန်မာအသင်းကို ဖိအားပေး ကစားခဲ့ပါတယ်။ မြန်မာအသင်းကတော့ တန်ပြန်တိုက်စစ်ကနေ တဆင့် ပြန်လည် ထိုးဖောက် ကစားခဲ့ပါတယ်။ ပထမပိုင်း ၄၅ မိနစ် အပြီးမှာတော့ မြန်မာက ၁ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားပါတယ်။ ဒုတိယပိုင်းမှာလည်း လာအိုအသင်းက ဖိအားပေးပြီး မြန်မာအသင်းကို တိုက်စစ်ဆင်ကစားခဲ့ပါတယ်။ မြန်မာအသင်းက ကစားသမားနဲ့ လာအိုဂိုးသမားတို့ ထိပ်တိုက် တယောက်ချင်းတွေ့ခဲ့ပေမယ့် ဂိုးအဖြစ် မဖန်တီးနိုင်တဲ့ အတွက် အခွင့်အရေး ဆုံးရှုံးခဲ့ပါတယ်။ ဒုတိယပိုင်း ၇၆ မိနစ်မှာ မြန်မာအသင်းက ကစားသမားတဦး လဲကစားခဲ့ပါတယ်။ လာအိုအသင်း ဘောလုံးပိုင်ဆိုင်မှု ၅၅ ရာခိုင်နှုန်းအထိရှိခဲ့သလို မြန်မာ အသင်းက ၄၅ ရာခိုင်နှုန်းပဲရှိခဲ့ပါတယ်။ လာအိုအသင်းက ကွင်းတ၀က်ဖိကစားပြီး မြန်မာအသင်းဘက်ကို တိုက်စစ်ဆင်ပြီး ဂိုးရဖို့ ကြိုးစားခဲ့ပါတယ်။ ဒုတိယပိုင်း ၈၃ မိနစ်မှာ လာအိုအသင်း မြန်မာနောက်တန်း လူကျွံဘောထောင်ချောက်ကို ကျော်ပြီး အပိုင်ဂိုးသွင့်ခွင့်ရရှိခဲ့ပေမယ့် ဂိုးအဖြစ် မဖန်တီးနိုင်ခဲ့ပါဘူး။ ၈၄ မိနစ်မှာ မြန်မာ အသင်းအပိုင် ဂိုးသွင့်ခွင့်ရရှိခဲ့ပေမယ့်လည်း ဂိုးမ၀င်ဖြစ်ခဲ့ပါတယ်။  နာကျင်အချိန်ပို ပွဲပြီးခါနီးမှာ မြန်မာအသင်းက လာအိုအသင်း ဂိုးဧရိယာထိပ်မှာ ပြစ်ဒဏ်ဘော ကန်ခွင့်ရရှိခဲ့ပေမယ့် ဂိုး အဖြစ်မဖန်တီးနိုင်ခဲ့ပဲ ပွဲစဉ်ပြီးဆုံးသွားပါတယ်။ ဆီးမီးဖိုင်နယ် ဒုတိယပွဲစဉ်အဖြစ် ထိုင်းနဲ့ သြစတြေးလျ အသင်းကစားမယ့် ပွဲစဉ်က အနိုင်ရတဲ့ အသင်းနဲ့ မြန်မာအသင်းက ဗိုလ်လုပွဲမှာ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up