ဒုတိယကမ္ဘာစစ် ဖြစ်ရပ်မှန် ရုပ်သံ ဖြန့်ချိ

5K
၁၉၄၃-၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်အတွင်း အဓိက ဖြစ်ရပ်တွေကို ရိုက်ကူးထားတဲ့ ရုပ်သံကို ဒုတိယကမ္ဘာစစ် အဆုံးသတ်ခြင်း နှစ် ၇၀ ပြည့်အထိမ်းအမှတ်အဖြစ် ထုတ်ပြန်လိုက်ပါတယ်။
၁၁ မိနစ်နီးပါးရှိတဲ့ ရုပ်သံမှာ မဟာမိတ်တွေက ရောမကို ဂျာမနီထံက ပြန်ယူတာ၊ ဂျူး တပ်ဖွဲ့တွေက နာဇီတွေကို တိုက်ခိုက်တာ၊ ၄ နှစ်ကြာ နာဇီအောက်ရောက်နေတဲ့ ပဲရစ်မြို့ ပြန်လွတ်လာတာ၊ ဂျာမနီအရှေ့ပိုင်း မြို့တော်ကို မဟာမိတ်တွေ ဗုံးကြဲတာတွေကို ရိုက်ကူးထားပါတယ်။
ဒါအပြင် သမိုင်းဝင် ရာလ်တာ ညီလာခံမှာ ဆိုဗီယက်၊ အမေရိကန်နဲ့ ဗြိတိန်ခေါင်းဆောင်တွေ တွေ့ဆုံတာ သန်းချီတဲ့ ဂျူးတွေ အသတ်ခံရတာ၊ နာဇီခေါင်းဆောင် ဟစ်တလာရဲ့ ရုပ်ကြွင်းလို့ ယူဆရတဲ့အရာကို ဗုံးကြွင်းထဲမှာ တွေ့ခဲ့တာ စတာတွေ အပါအ၀င် ဂျပန် ဟီရှိရှီးမားနဲ့ နာဂါဆာကီကို အနုမြူဗုံးကြဲတာနဲ့ ဂျပန်တွေ လက်နက်ချတာတွေ ပါဝင်ပါတယ်။
တရားဝင်အားဖြင့် ဒုတိယကမ္ဘာစစ်ဟာ ၁၉၄၅ ခုနှစ် စက်တင်ဘာ ၂ ရက်မှ အဆုံးသတ်တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် သြဂုတ် ၁၅ မှာ ဂျပန်က မဟာမိတ်တွေရဲ့ လက်နက်ချသဘောတူညီချက်တွေကို လက်ခံတဲ့ အတွက် မဟာမိတ်တွေက ဂျပန်ကိုအောင်ပွဲရတဲ့ နေအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ဆင်နွှဲလေ့ရှိပါတယ်။