ထိုင်းဘုရင်ကြီး နှင့် မိဖုရားက မြန်မာ့ရေဘေး ဘတ်ငွေ ၅ သန်း လှူဒါန်း
DVB
·
August 7, 2015
ထိုင်းနိုင်ငံက ပြည်သူလူထုကြည်ညိုလေးစားတဲ့ ဘုရင်မင်းမြတ်နဲ့ မိဖုရားတို့က မြန်မာနိုင်ငံက သဘာဝဘေးအန္တရာယ် ကြုံနေရတဲ့ ဒုက္ခသည်တွေအတွက် ထိုင်းဘတ်ငွေ ၅ သန်း လှူဒါန်းလိုက်ပါတယ်။
ထိုင်းဘုရင်နန်းတော်ရဲ့ ပြည်သူပြည်သားများ ကယ်ဆယ်ရေး ဖောင်ဒေးရှင်းရန်ပုံငွေထဲကနေ ဘတ် ၅ သန်းထုတ်ယူဖို့ သြဂုတ် ၇ ရက်နေ့ နေ့စွဲနဲ့ အမိန့်တော် ချမှတ်ပြီး ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာမှတဆင့် မြန်မာနိုင်ငံကို လှူဒါန်းအပ်နှံမယ်လို့ အိုင်အန်အန် ထိုင်းသတင်းဌာနမှာ ရေးပါတယ်။
ထိုင်းအစိုးရအနေနဲ့လည်း ဘတ်ငွေ ၅ သန်းလှူးဖို့ အစိုးရ၀န်ကြီးများအဖွဲ့ အစည်း အဝေးမှာ ဆုံးဖြတ်ခဲ့ကာ အလှူငွေ အပ်နှင်းပွဲကို ဒီကနေ့ ကျင်းပဖို့ရှိပြီး မြန်မာအစိုးရကိုယ်စား သံအမတ်ကြီး ဦးဝင်းမောင် နဲ့ တာဝန်ရှိသူတွေက လက်ခံရယူမှာဖြစ်ပါတယ်။