ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပဲခူးမြို့ ဘုရားကြီးမြို့နယ် လူထုဟောပြောပွဲ
DVB
·
August 7, 2015
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ သြဂုတ်လ ၇ ရက်နေ့က တောင်ငူမြို့ကို ခရီးထွက်နေပြီး ခရီးစဉ်မှာ လမ်းခရီးတလျှေက်က မြို့တချို့မှာလည်း လူထုကို တွေ့ဆုံမှုတွေ ပြူလုပ်ပါတယ်။ ပဲခူးမြို့အရောက် မနက်ပိုင်းက အရာတော်မြို့နယ်မှာ ဒေသခံတွေကို ဟောပြောပါတယ်။
အန်အယ်လ်ဒီပါတီက ရွေးကောက်ပွဲဝင်ပြိုင်မယ့် တချို့ကိုယ်စားလှယ်လောင်းတွေကို မရွေးချယ်ပဲထားခဲ့ရတာက ရွေးကောက်ပွဲဥပဒေအရ ဒီနိုင်ငံမှာ ၁၀ နှစ်ဆက်တိုက် မနေခဲ့တာကြောင့်ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပဲခူးမြို့ ဘုရားကြီးမြို့နယ်မှာ လူထုကို ပြောကြားပါတယ်။
ရိုက်ကူး - ကောင်းထက်ကျော်