ချဲလ်ဆီးအသင်း ကစားသမားသစ် ထပ်မခေါ်တော့ဟု မော်ရင်ဟို ပြော

2.3K
ချဲလ်ဆီးအသင်းအနေနဲ့ နောက်ထပ် ကစားသမားအသစ်တွေကို ခေါ်ဖို့ မရှိတော့ဘူးလို့ နည်းပြ မော်ရင်ဟိုက talk SPORT ကို ပြောလိုက်ပါတယ်။
အပြောင်းအရွှေ့ဈေးကွက် မပိတ်သေးပေမယ့် သူ့အနေနဲ့ အခုချိန်မှာ လူစာရင်းအကြောင်းကိုပဲ စဉ်းစားနေပြီး အပြောင်အရွှေ့ ဈေးကွက်ကို မစဉ်းစားသလို သူ့အတွက်တော့ အပြောင်းအရွှေ့ဟာ ပြီးဆုံးသွားပြီလို့ ပြောဆိုခဲ့ပါတယ်။
ချယ်ဆီးရဲ့ ၀ါရင့်နောက်ခံလူ ဂျွန်တယ်ရီကလည်း အရွယ်ရနေပြီဖြစ်သလို နောက်ခံလူ ဖီးလစ်လူးဝစ်ကလည်း အက်သလက်တီကို ကို ပြောင်းရွှေ့ဖို့ ရှိနေတာကြောင့် ချယ်ဆီးအနေနဲ့ နောက်တန်းလိုအပ်ချက် ရှိနတာပါ။
မော်ရင်ဟိုကတော့ ရှိတဲ့ ကစားသမားတွေနဲ့ အကောင်းဆုံး ကြိုးစားသွားမယ်လို့ အဲဒီ အင်တာဗျူးမှာ ပြောဆိုသွားပါတယ်။