A d v e r t i s e m e n t With Us

MH 370 ပျောက်ဆုံးပြီး ဖြစ်ရပ်များကို ရိုက်ထားသည့် ရုပ်သံ

မလေးရှား လေကြောင်းလိုင်းက လေယာဉ် MH 370 ပျောက်ဆုံးသွားပြီးတဲ့နောက် ဖြစ်ရပ်တွေကို မှတ်တမ်းတင် ရိုက်ထားတဲ့ ရုပ်သံကို ရိုက်တာ သတင်းဌာနက ထုတ်ပြန်ပါတယ်။ အိန္ဒိယ သမုဒ္ဒရာအတွင်းမှာ တွေ့ရတဲ့ အပျက်အစီးအပိုင်းအစဟာ ပျောက်ဆုံးနေတဲ့ မလေးရှားလေကြောင်းလိုင်း လေယာဉ် MH 370 ဖြစ်တယ်လို့ မလေးရှားတာဝန်ရှိသူတွေ အတည်ပြုပြီး အခုလို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ဒီရုပ်သံမှာ လေယာဉ် ပျောက်ဆုံးသွားပြီးတဲ့နောက် လေယာဉ်ကို လိုက်လံရှာဖွေတာ၊ လေကြောင်းလိုင်း အမှုဆောင် အရာရှိက ပျောက်ဆုံးကြောင်း အတည်ပြုပြောကြားတာတွေကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒါအပြင် စီးနင်းလိုက်ပါလာတဲ့ ခရီးသည်တွေရဲ့ဆွေမျိုးတွေ ငိုယိုမြည်တမ်းနေတာနဲ့ ဒေါသတကြီး တုံ့ပြန်နေတဲ့ ရုပ်သံတွေကိုလည်း ရိုက်ကူးထားပါတယ်။ ပင်လယ်ပြင်မှာ ရှာဖွေရေး လုပ်သားတွေကလည်း ဒီလေယာဉ်ကို လိုက်ရှာနေတဲ့ ရုပ်သံတွေကိုလည်း ရိုက်ကူးထားပါတယ်။ အရင်နှစ် မတ် ၈ ရက်က လူ ၂၃၉ ဦး တင်ဆောင်လာတဲ့ ဘီဂျင်းကနေ ကွာလာလမ်ပူကို ပျံသန်းလာတဲ့ MH370 လေယာဉ်ဟာ ဆက်သွယ်မရ ဖြစ်ခဲ့ပြီး ပျောက်ဆုံးသွားတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up