A d v e r t i s e m e n t With Us

ငါးမန်းကြောင့် ဂျပန် ကမ်းခြေ ၉ ခုပိတ် (ရုပ်သံ)

ရေလွှာလှိုင်းစီးတဲ့ ကမ်းခြေမှာ ငါးမန်း ၂ ကောင် ရောက်လာတဲ့အတွက် ဂျပန် ဘိုင်ဘာရာကီ စီရင်စုက ကမ်းခြေ ၉ ခုကို သြဂုတ် ၆ ရက်က ပိတ်လိုက်ရပါတယ်။ တိုကျို မြောက်ဘက် ၈၀.၈ မိုင် အကွာမှာရှိတဲ့ ကမ်းခြေမှာ သြဂုတ် ၅ ရက်က ရဲတပ်ဖွဲ့ ရဟတ်ယာဉ်က ငါးမန်းလို့ ယူဆရတဲ့ အကောင် ၂ ကောင်ကို ဟိုကိုတာ ကမ်းခြေ ရေလွှာလှိုင်းစီးတဲ့ သူတွေနားမှာ တွေ့ရတယ်လို့ ဆိုပါတယ်။ ဒီနောက် လူတွေကို ကမ်းခြေကို မသွားဖို့ သတိပေးထားသလို ကမ်းခြေကို ပိတ်လိုက်တယ်လို့ ဆိုပါတယ်။ ဒီတွေ့ရတဲ့ ငါးမန်းအမျိုးအစားဟာ အန္တရာယ်မရှိပေမယ့် လူတွေကို သူတို့ ရှာဖွေနေတဲ့ ငါး တွေနဲ့ မှားသွားနိုင်တဲ့ အတွက် အခုလို လုပ်တာလို့ ပြောပါတယ်။ ငါးမန်းတွေက ၄ မီတာရှည်ပြီး ကမ်းစပ်နဲ့ ၆၅ ပေအကွာမှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ငါးမန်းကြောင့် ဒဏ်ရာရသူတဦးတယောက်မှ မရှိသေးပေမယ့် သတိထားဖို့နဲ့ ဒီငါးမန်းတွေက ဒီနေရာမှာ နေတာမဟုတ်ဘဲ အိုကီနာဝါနားက ပူးနွေးတဲ့ ပင်လယ်မှာ ကျက်စားတဲ့ ငါးမန်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up