Home
နိုင်ငံရေး
အစိုးရတပ်နှင့် ကေအိုင်အေ တိုက်ပွဲပြင်းထန်
DVB
·
June 15, 2011
မြန်မာအစိုး​ရစစ်တပ်က ကချင်လွတ်လပ်​ရေး​တပ်မ​တော် တပ်မဟာ (၃) တပ်ရင်း​ (၁၅) ကို တပ်ရင်း​ဆယ်ရင်း​နဲ့​ ဆက်လက်တိုက်ခိုက်​နေပြီး​ ဇွန် ၁၂ ရက်​နေ့​အထိ တိုက်ပွဲမှာ ​ကေအိုင်​အေဘက်က သုံး​ဦး​ကျဆုံး​သွား​ပြီး​ အစိုး​ရဘက်က​တော့​ တရာ​လောက် ဒဏ်ရာရတယ်လို့​ သတင်း​ရရှိ​ကြောင်း​၊​ အကျအဆုံး​လည်း​ များ​နိုင်​ကြောင်း​ ​ကေအိုင်အို ​ပြောခွင့်​ရ ပုဂ္ဂိုလ် ဗဟို​ကော်မတီဝင် ဦး​လနန်း​က ​ပြောကြား​ပါတယ်။ လက်ရှိတိုက်ပွဲအ​ခြေ အ​နေအရ မြန်မာ့​တပ်မ​တော်နဲ့​ ​ကေအိုင်အို - ကချင် လွတ်လပ်​ရေး​အဖွဲ့​အကြား​ ​ကေအိုင် အိုအကြား​ တိုက်ပွဲအတိအလင်း​ဖြစ်​နေပြီလို့​ ​ကေအိုင်အိုက ​ပြောကြား​ပါတယ်။ ကေအိုင်အိုဌာနချုပ်ရှိတဲ့​ လိုင်ဇာဘက်ကိုလည်း​ အစိုး​ရစစ်တပ်ဘက်က အင်အား​အလုံး​အရင်း​နဲ့​ တိုး​ချဲ့​နေတယ်လို့​လည်း​ ​ကေအိုင်အိုက ​ပြောပါတယ်။ ကချင်ပြည်နယ် အနှံ့​မှာလည်း​ တိုက်ပွဲ​တွေ ဆက်ဖြစ်​တော့​မယ်လို့​ ဦး​လနန်း​က ​ပြောကြား​ပါတယ်။ ဒီလ (၉) ရက် ကြာသပ​တေး​နေ့​မှာ မြန်မာ့​တပ်မ​တော် တပ်ရင်း​နှစ်ရင်း​က ​ကေအိုင် ​အေ တပ်မဟာ (၃) တပ်ရင်း​ (၁၅) ကို ပစ်ခတ်တိုက်ခိုက်ခဲ့​ပြီး​ နှစ်ဘက် စစ်သုံ့​ပန်း​တွေ အပြန်အလှန် လဲလှယ်ပြီး​ တိုက်ပွဲရပ်ခဲ့​ပါတယ်။ ကေအိုင်​အေက ဖမ်း​ဆီး​ရမိတဲ့​ ဗိုလ်ကြီး​ တဦး​နဲ့​ ဗိုလ်တဦး​ကို ပြန်လွှတ်​ပေး​ပါတယ်။ မြန်မာစစ်တပ်က ဖမ်း​ဆီး​ခဲ့​တဲ့​ ​ကေအိုင်အို ဆက်ဆံ​ရေး​ရုံး​က ဒု-တပ်ကြပ် ချန်း​ယိမ်း​ကို​တော့​ အ​လောင်း​ပဲ ပြန်အပ်လိုက်တာပါ။ အဲဒီ ​နောက် စ​နေ​နေ့​ကစပြီး​ ဗန်း​မော်ခရိုင် မိုး​မောက်မြို့​နယ်ရှိ ​ကေအိုင်​အေ အမှတ် ၁၅ တပ်ရင်း​ကို ၈၂ မီ လီမီတာ အ​မြောက်​တွေ အပါအဝင် လက်နက်ကြီး​ငယ်​တွေနဲ့​ တိုက်ခိုက်နေတာပါ။ ကေအိုင်အိုရဲ့​ ​နောက်ဆုံး​လက်ကျန် မြစ်ကြီး​နား​မြို့​က ဆက်ဆံ​ရေး​ရုံး​ကို တနင်္ဂ​နွေ ​နေ့​မှာ လုံး​ဝပိတ်လိုက်ပြီး​ အစိုး​ရစစ်တပ်နဲ့​ ​ကေအိုင်အိုအကြား​ ဆက်ဆံ​ရေး​ ပြတ်​တောက်သွား​ပါပြီ။ ဒါ​ပေမယ့်​ လွန်ခဲ့​တဲ့​ နှစ်ရက်အတွင်း​ ကြား​လူပုဂ္ဂိုလ်တဦး​က တဆင့်​ ​နေပြည် ​တော်ဘက်က ဆက်သွယ်လာပြီး​ အထက်တာဝန်ရှိသူတဦး​ဦး​နဲ့​ ​ဆွေး​နွေး​ဖို့​ ညှိနှိုင်း​ခဲ့​ပေမယ့်​ ဒီ​နေ့​မနက်အထိ အ​ကြောင်း​မပြန်လာ​သေး​တဲ့​အပြင် အစိုး​ရတပ်ဘက်က အရှိန်မြှင့်​ တိုက်ခိုက်​နေတာ​ကြောင့်​ ဒီ​နေ့​မှာ ​ကေအိုင်အို အ​ရေး​ပေါ် အစည်း​အ​ဝေး​ ကျင်း​ပပြီး​ အစိုး​ရ ဘက်က အ​ကြောင်း​မပြန်ရင် ​ကေအိုင်​အေဘက်က ကချင်ပြည်နယ်အနှံ့​ တိုက်ပွဲဝင်ဖို့​ ဆုံး​ဖြတ်ထား​ပြီလို့​ ဒီမနက် ၁ဝ နာရီမှာ အစိုး​ရဘက်ကို အသိ​ပေး​အ​ကြောင်း​ကြား​လိုက်ပြီ လို့​ ​ကေအိုင်အို​ပြောခွင့်​ရပုဂ္ဂိုလ် ဦး​လနန်း​က ​ပြောကြား​ပါတယ်။ နောက်ဆုံး​အ​ခြေအ​နေကို သိရဖို့​ ဦး​လနန်း​ကို ဆက်သွယ်​မေး​မြန်း​ထား​ပါတယ်။ ကေအိုင်​အေရဲ့​ အ​ရေး​ပေါ်အစည်း​အ​ဝေး​ ဆုံး​ဖြတ်ချက်​လေး​ သိပါရ​စေ။ “ကျ​နော်တို့​ ဒီမနက်ပြန်ပြီး​တော့​ ဆုံး​ဖြတ်ချက်ချတာ​တော့​ အစိုး​ရကို အ​ကြောင်း​ကြား​တာက​တော့​ ဒီ​နေ့​ ည​နေ ၆ နာရီအထိ အစိုး​ရတပ်​တွေရဲ့​ ပစ်ခတ်မှုကို အရှိန်မ​လျော့​ဘူး​ဆိုရင်၊​ ဒါမှမဟုတ်လည်း​ ထိုး​စစ်ဆင်မှုအတွက် သူတို့​ရဲ့​ တပ်အင်အား​ကို တိုး​ချဲ့​လာမယ်ဆိုရင် တပ်ကို စွဲထား​တဲ့​နေရာ အတိုင်း​အတာ တခုအထိ ကျ​နော်တို့​ ပြန်လည်တွန်း​လှန်တဲ့​ စစ်ပွဲစတင်သွား​မယ်လို့​ အစိုး​ရကို အ​ကြောင်း​ကြား​လိုက်တယ်။ အဲဒါ ဒီ​နေ့​မနက် ၁ဝ နာရီ​လောက်က အ​ကြောင်း​ကြား​လိုက်တာပါ။” အခုဒီတိုက်ပွဲ အပြင်း​ထန်ဆုံး​ ဖြစ်တဲ့​နေရာမှာ တိုက်ခိုက်ပုံ​တွေနဲ့​ တုံ့​ပြန်ခုခံ​နေတဲ့​ ပုံ​တွေကို နည်း​နည်း​ရှင်း​ပြလို့​ရမလား​။ “သူတို့​ဘက်က​တော့​ တပ်ရင်း​အများ​ကြီး​သုံး​ပြီး​တော့​ အ​ဝေး​က​နေ လက်နက်ကြီး​သုံး​ပြီး​ ပစ်တာပဲ။ ကျ​နော်တို့​ဘက်က​တော့​ လက်နက်ကြီး​ကို တွင်တွင်ကျယ်ကျယ်မသုံး​ဘူး​။ သူတို့​ရှိတဲ့​ဘက်မှာ ရွာ​တွေရှိတယ်။ ​နောက်ပြီး​တော့​ ​ရေအား​လျှပ်စစ် စီမံကိန်း​ လုပ်​နေတာရှိတယ်။ အဲ​တော့​ လက်နက်ကြီး​ သုံး​တဲ့​အခါမှာ အဲဒီဘက်ကို မှား​ပြီး​တော့​ ဝင်သွား​မှာကို စိုး​ရိမ်လို့​ လက်နက်ငယ်ကို အဓိကထား​ သုံး​တယ်။ အခြား​ တပ်ရင်း​တပ်ဖွဲ့​တွေကို အဲဒီမှာ တပ်ကူဆိုပြီး​တော့​ အင်အား​ဖြည့်​တင်း​တာ​တွေ မလုပ်ဘူး​။ ကျ​နော်တို့​ဘက်က မ​နေ့​ကထိ​တော့​ သုံး​ယောက်ကျတယ်။ သူတို့​ဘက်မှာ​တော့​ ထိခိုက်ဒဏ်ရာရတာ ​တော်​တော်များ​တယ်။ ကျဆုံး​တာလည်း​ပါလိမ့်​မယ်။ ထိခိုက်ဒဏ်ရာရတာ အနည်း​ဆုံး​ ၁ဝဝ နီး​ပါး​လောက် ​ရောက်လိမ့်​မယ်။ ဗန်း​မော်ဘက်က၊​ မိုး​မောက်ဘက်က၊​ တက်လာတဲ့​သတင်း​အရ အ​ယောက် ၁ဝဝ နီး​ပါး​ ရှိပါလိမ့်​မယ်။ ဒီတိုက်ပွဲ​ကြောင့်​ ​ဒေသခံ ပြည်သူ​တွေက တရုတ်- မြန်မာနယ်စပ်ဘက်ကို ထွက်​ပြေး​တိမ်း​ရှောင်​နေကြတယ်လို့​ သိရပါတယ်။ အဲဒီစစ်​ပြေး​ဒုက္ခသည်​တွေ အခြေအ​နေနဲ့​ ပတ်သက်လို့​ ဘယ်လိုများ​သိရပါလဲ။ “မ​နေ့​ကထိ​တော့​ အခုတိုက်ပွဲဖြစ်တဲ့​ဧရိယာမှာရှိတဲ့​ ရွာသား​တွေက​တော့​ တရုတ်ဘက်ကို ဝင်ပြီး​တိမ်း​ရှောင်​နေတဲ့​ သတင်း​တွေ​တော့​ ရတယ်။” ထောင်ချီပြီး​ သွား​နေကြတယ်ဆို​တော့​ တကယ်ပဲ အဲ​လောက်များ​လား​ခင်ဗျ။ “ဖြစ်နိုင်ပါတယ်။ ​နောက်ကို အဲဒီထက်​တောင် ​ကျော်သွား​ပါလိမ့်​မယ်။ အခုဖြစ်တာ တပ်မဟာ ၃ ဧရိယာ တပ်ရင်း​ ၁၅ ​လောက်ကဟာပဲ ဖြစ်​တော့​ အဲ​လောက်ပဲဖြစ်ပါလိမ့်​မယ်။ ကျ​နော်တို့​ ကြား​တဲ့​သတင်း​အရဆိုရင် သူတို့​ ဗဟိုဌာနချုပ်က လိုင်ဇာကို သူတို့​ဝိုင်း​ရံပြီး​တော့​ ဖြိုခွဲမယ့်​ ပုံစံလုပ်လာတဲ့​အခါမှာ တိုက်ပွဲက ပြင်း​ထန်လာလိမ့်​မယ်။ ဘယ်အချိန်မှာ စပြီး​တော့​ ပြင်း​ထန်မယ်ဆိုတာ မ​ပြောနိုင်​သေး​ဘူး​။ အဲဒီအချိန်ကျရင်​တော့​ စစ်​ပြေး​ဒုက္ခသည်​တွေက တရုတ်နိုင်ငံက ဒီထက်အများ​ကြီး​ဝင်လာလိမ့်​မယ်။” တကယ်လို့​ သူတို့​ဘက်က​နေ တိုး​မြှင့်​တိုက်ခိုက်လာမယ်ဆိုရင် ဗိုလ်မှူး​တို့​ဘက်က​ကော။ “အဲဒီမှာဖြစ်တဲ့​တိုက်ပွဲကို တပ်ရင်း​၁၅မှာ ဖြစ်တဲ့​ပုံစံတိုက်ပွဲကို တခြား​ဒေသကို မပြန့်​ပွား​စေချင်ဘူး​။ အဲဒီမှာပဲ ခံပြီး​တော့​ တိုက်မယ်။ ဒါ​ပေမယ့်​ အခုသူတို့​စီကို ​တောင်း​ထား​တဲ့​အချိန်က လွန်သွား​ပါပြီ။ အဲဒါ​ကြောင့်​ ဖြစ်လာမယ်ဆိုရင် အဲဒီ တပ်ရင်း​ ၁၅ မှာပဲ အင်အား​တွေဖြည့်​ပြီး​တော့​ စုပြုံပြီး​တော့​ ကျ​နော်တို့​ ပြန်လည်တိုက်ခိုက်မှာ မဟုတ်ပါဘူး​။ သ​ဘောက ကချင်ပြည်နယ်​ဒေသတခုလုံး​ ရှမ်း​ပြည်နယ်​မြောက်ပိုင်း​မှာ​ကော အား​လုံး​က တပ်ဖွဲ့​တွေက ဖြန့်​ချထား​တော့​ ​နေရာတကာမှာ စစ်ဆင်​ရေး​တွေ လုပ်လာနိုင်တဲ့​ အ​ခြေအ​နေ​တော့​ ရှိတယ်။ အဲ​တော့​ ​နောက်ဆုံး​ လက်လွတ်မခံရ​အောင်ဆိုပြီး​တော့​ ရှိတဲ့​အင်အား​တွေ စုပြုံပြီး​တော့​ လုပ်မှာ​တော့​ မဟုတ်ဘူး​။” သူတို့​ဘက်ကလည်း​ မတုံ့​ပြန်​သေး​ဘူး​ဆို​တော့​ အစိုး​ရသစ်တပ်နဲ့​ ​ကေအိုင်​အေ ကချင်လွတ်လပ်​ရေး​ တပ်မ​တော်နဲ့​ အတိအလင်း​ တိုက်ပွဲဖြစ်ပြီလို့​ အတိအကျ​တော့​ ​ပြောလို့​ရပြီ​ပေါ့​နော်။ “ဒီအ​ခြေအ​နေအရဆိုရင်​တော့​ ​ပြောလို့​ရပြီ။ ဒါ​ပေမယ့်​ အခုတပ်ရင်း​ ၁၅ မှာထဲကိုက ​သေနတ်သံထွက်​သေး​တယ်။ တခြား​ဒေသမှာ​တော့​ အခုထက်ထိ​တော့​ ​သေနတ်​ဖောက်တာ မရှိ​သေး​ဘူး​။ ​မြောက်ပိုင်း​တိုင်း​ စစ်ဌာနချုပ်နဲ့​တော့​ အဆက်အသွယ် ပြတ်သွား​ပြီ။ သူတို့​ကလည်း​ ဆက်သွယ်လာတာမျိုး​ မရှိ​တော့​ဘူး​။” ဆက်ဆံ​ရေး​ရုံး​က​တော့​ မ​နေ့​ကထဲက ပိတ်လိုက်ပြီ​ပေါ့​နော်။ “ဖန်ခါမှာရှိတဲ့​ ​ကေအိုင်​အေဆက်ဆံ​ရေး​ရုံး​၊​ ဒါက​တော့​ အရင်တ​ခေါက်က ဖြုတ်တဲ့​ထဲမှာ အဲဒီရုံး​တော့​ မပါဘူး​။ မြို့​ထဲမှာ မဟုတ်ဘူး​။ ကျ​နော်တို့​ရဲ့​ အုပ်ချုပ်ခွင့်​ စပ်ကူး​မတ်ကူး​ ဟိုဘက်သူတို့​ဘက်လည်း​ရှိတယ်။ ကျ​နော်တို့​ဘက်လည်း​ရှိတယ်။ အဲဒီရွာစပ်က ဆက်ဆံ​ရေး​ရုံး​မှာ၊​ အခု​တော့​ သူတို့​အဲဒီမှာ ဒုတပ်ကြပ်ချန်း​ယိမ်း​ကို ဖမ်း​ဆီး​လာတာ အဲဒီဆက်ဆံ​ရေး​ရုံး​အတွင်း​မှာကို ဖမ်း​ဆီး​တယ်။ အဲဒီရုံး​အတွင်း​မှာကို ရက်စက်ပြီး​တော့​ သတ်ဖြတ်လိုက်တယ်။ အ​လောင်း​ကိုလည်း​ အဲဒီရုံး​ထဲမှာပဲ အ​လောင်း​ကို ဒီတိုင်း​ပစ်ပုံထား​တာရှိတယ်။ အမှန်ဆို ဆက်ဆံ​ရေး​တာဝန်ရှိ ပုဂ္ဂိုလ်ဆိုတာက နိုင်ငံတကာအ​နေနဲ့​ပြောရင် သံတမန်ပုဂ္ဂိုလ်​တွေပဲ။ သံတမန်ပုဂ္ဂိုလ်တ​ယောက်ကို ဒီလိုမျိုး​ ဥပ​ဒေမဲ့​ ပြုမူဆက်ဆံတယ်ဆိုရင် ဒါကို အများ​ကြီး​စဉ်း​စား​ရဖို့​ အချက်​တွေ ​ပေါ်လာတယ်။ ဒါ​ကြောင့်​မို့​ ချင်း​ကြား​တွင်း​မှာရှိတဲ့​ ဗဟိုကိုယ်စား​လှယ်ရုံး​က တာဝန်ကျတဲ့​ ဆက်ဆံ​ရေး​ ဝန်ထမ်း​အရာရှိ​တွေအား​လုံး​ကို ကျ​နော်တို့​က သူတို့​ရဲ့​ အသက်အိုး​အိမ်စည်း​စိမ်ကို လုံခြုံဖို့​အတွက် သူတို့​ဒီအစိုး​ရရဲ့​ ​အောက်မှာဘယ်လိုနည်း​နဲ့​မှ စိတ်ချလုံခြုံမှုမရှိတဲ့​အတွက်​ကြောင့်​ အဲဒါကို ပြန်​ခေါ်ယူခြင်း​ဖြစ်တယ်။” ဦး​လနန်း​တို့​ အ​နေနဲ့​ တိုက်ပွဲဝင်​နေတဲ့​ ကချင်ရဲ​ဘော်​တွေကို ဖြစ်​စေ၊​ မြန်မာအစိုး​ရကိုဖြစ်​စေ ဘာများ​သတင်း​စကား​ ပါး​ချင်ပါသလဲ။ “ကျ​နော်တို့​ ကချင်ရဲ​ဘော်​တွေက စစ်မှန်တဲ့​ပြည်​ထောင်စုအတွက် ​ရှေ့​တန်း​မှာ ရဲရဲရင့်​ရင့်​ တိုက်ပွဲဝင်​နေတဲ့​ စစ်သည်လို့​ ကျ​နော်တို့​သတ်မှတ်တယ်။ ​ကြေး​စား​စစ်သည် ရဲ​ဘော်​တွေမဟုတ်ဘူး​။ ကျ​နော်တို့​ရဲ​ဘော်​တွေက သူတို့​မှာရှိတဲ့​ အစွမ်း​အစနဲ့​ သူတို့​ရဲ့​ အသက်ကို ဥပက္ခာပြုပြီး​တော့​ ရွတ်ရွတ်ချွန်ချွန်တိုက်ပွဲ ဝင်​နေတာရှိတယ်။ အဲဒါ​ကြောင့်​ ဒီမီး​ပွား​က ဆက်ပြန့်​ပွား​မယ်ဆိုရင်လည်း​ တပ်မဟာ​တွေမှာရှိတဲ့​ ကျ​နော်တို့​ တပ်ဖွဲ့​တပ်သား​တွေကလည်း​ အဲဒီမူအတိုင်း​ ဆက်သွား​မှာပါ။ ​နောက်ပြီး​တော့​ ​ရှေ့​တန်း​မှာ​ရောက်​နေတဲ့​ အစိုး​ရတပ်က စစ်သား​တွေကို ​ပြောချင်တာက​တော့​ ခင်များ​တို့​ရဲ​ဘော်သည် ​ကောင်း​ကောင်း​မွန်မွန် ချင့်​ချင့်​ချိန်ချိန် စဉ်း​စား​သင့်​တယ်။ ​နောက်ပြီး​ ကျ​နော်တို့​ဘက်က​တော့​ အခုတိုက်ပွဲဖြစ်လာ​တော့​မယ်ဆိုရင် ကျ​နော်တို့​ဘက်က သုံ့​ပန်း​ပေါ်လစီဆိုတာ ရှိတယ်။ တကယ်လို့​ ကံမ​ကောင်း​စွာနဲ့​ ​ရှေ့​တန်း​မှာ​ရောက်​နေတဲ့​ အစိုး​ရတပ်က ရဲ​ဘော်​တွေသည် ကိုယ့်​ရဲ့​ အသက်ကို စိုး​ရိမ်ပူပန်မှု ရှိလာပြီဆိုရင် ကျ​နော်တို့​ဘက်ကို ဝင်လာဖို့​ ဒီသတင်း​ကို ပါး​ချင်တယ်။ ဖမ်း​ဆီး​ခံရတာဖြစ်ဖြစ်၊​ လက်နက်ချပြီး​တော့​ ဝင်လာတာဖြစ်ဖြစ် ကျ​နော်တို့​ဘက်က​တော့​ အား​လုံး​ကို အမြဲတမ်း​ လက်ခံကြိုဆိုထား​တယ်။ ​ကောင်း​ကောင်း​မွန်မွန် ပြုစုတယ်။ သူတို့​လိုချင်တဲ့​နေရာကို ပြန်ပို့​ပေး​တဲ့​ မူ​တွေရှိတယ်။” ကျန်တဲ့​အလား​တူ တိုက်ပွဲဝင်ရဲ​ဘော်​တွေ ညီ​နောင်တိုင်း​ရင်း​သား​ အဖွဲ့​အစည်း​တွေကို​ကော ဘာများ​ပြောချင်ပါသလဲ။ “ညီ​နောင်တိုင်း​ရင်း​သား​တွေကိုလည်း​ စကား​ပါး​ချင်တာ​တော့​ အခု အား​လုံး​က ကျရာတာဝန်ကို ထမ်း​ဆောင်​နေတဲ့​ ရဲ​ဘော်​တွေ တိုင်း​ရင်း​သား​ညီ​နောင်​တွေဟာ ကိုယ့်​မှာရှိတဲ့​အစွမ်း​အစနဲ့​ ဝိုင်း​ပြီး​တော့​ စည်း​စည်း​လုံး​လုံး​နဲ့​ ကျ​နော်တို့​ရဲ့​ ရန်သူလို့​ပြောရမှာပဲ အခုချိန်မှာ​တော့​။ အဲဒီရန်သူကို ဝိုင်း​ပြီး​တုန့်​ပြန်ကြဖို့​ အဲဒါကို ဖိတ်​ခေါ်ချင်တယ်။ နိုင်ငံ​ရေး​အင်အား​စုဆိုရင် သူတို့​ ယူအန်အက်ဖ်စီ ဆိုတာ ဖွဲ့​စည်း​ထား​တယ်။ စစ်ပွဲသဏ္ဌာန်နဲ့​ အသွင်​ဆောင်လာတဲ့​အခါ​တော့​ ကျ​နော်တို့​က ဒီနိုင်ငံ​ရေး​အဖွဲ့​အစည်း​ကလည်း​ လိုအပ်ရင် ကိုယ့်​ရဲ့​အဖွဲ့​အစည်း​ကို ကာကွယ်ဖို့​အတွက် တိုက်ပွဲဝင်လာတဲ့​အ​ခြေအ​နေ ရှိလာပြီ။ အဲ​တော့​ ညီ​နောင်တိုင်း​ရင်း​သား​ အား​လုံး​၊​ မဟာမိတ်အား​လုံး​ကလည်း​ အခုကျတဲ့​ တာဝန်မှာ ကိုယ့်​စီကို ကျလာတဲ့​ ရန်သူ​တွေကို​တော့​ ​အောင်နိုင်တဲ့​ ပန်း​တိုင်​ရောက်​အောင် ဝိုင်း​ဝန်း​ကြိုး​စား​ပြီး​ တွန်း​လှန်ကြဖို့​ ကျ​နော်အဲဒါကို ပန်ကြား​ချင်တယ်။ စကား​ပါး​ချင်တယ်။” တိုင်း​ရင်း​သား​တန်း​တူ​ရေး​နဲ့​ ကိုယ်ပိုင်ပြဋ္ဌာန်း​ခွင့်​အတွက် လက်နက်ကိုင်​တော်လှန်​နေတဲ့​ ကချင်လွတ်လပ်​ရေး​အဖွဲ့​ဟာ ၁၉၉၄ ခုနှစ်မှာ အစိုး​ရနဲ့​ အပစ်အခတ်ရပ်စဲခဲ့​ပါတယ်။ ဒီ့​နောက် အမျိုး​သား​ညီလာခံကို တက်​ရောက်ပြီး​ ဖက်ဒရယ်ပြည်​ထောင်စု​ပေါ်ထွန်း​ရေး​ကို တင်ပြခဲ့​ပါတယ်။ ၂ဝဝ၉ ခုနှစ် ဧပြီမှာ နယ်ခြား​စောင့်​တပ်အသွင်ကူး​ပြောင်း​ဖို့​ အစိုး​ရက ဖိအား​ပေး​ရာမှာ နယ်ခြား​စောင့်​အသွင်မ​ပြောင်း​ဘဲ ပြည်နယ်​စောင့်​တပ်အသွင်​ပြောင်း​ပြီး​ အုပ်ချုပ်​ရေး​မှာ ပါချင်တယ်လို့​ တင်ပြချက်ကို အစိုး​ရဘက်က ပယ်ချပါတယ်။ မြန်မာအစိုး​ရဘက်က ပင်လုံစာချုပ်ကို လက်ခံရင် ​ကေအိုင်အိုက နယ်ခြား​စောင့်​တပ်အသွင်မ​ပြောင်း​ဘဲ တခါတည်း​ လက်နက်ချမယ် လို့​လည်း​ ထပ်ဆင့်​ကမ်း​လှမ်း​ခဲ့​ပါတယ်။ အစိုး​ရဘက်က​တော့​ ​နောက်ဆုံး​မှာ လက်နက်ချခိုင်း​ပြီး​ နှစ်ဘက်တင်း​မာလာခဲ့​ပြီး​ ခုလိုတိုက်ပွဲအရှိန်မြင့်​လာတဲ့​ အထိ ဖြစ်လာတာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024