ပက်ဒရို အပြောင်းအရွှေ့ မန်ယူနှင့် ဘာစီ သဘောတူ

ဓာတ်ပုံ - ရိုက်တာ
စပိန်လာလီဂါက ဘာစီလိုနာ ကစားသမား ပက်ဒရို အပြောင်းအရွှေ့အတွက် အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာ ယူနိုက်တက်နဲ့ သဘောတူညီချက် ရရှိသွားပြီ ဖြစ်ပါတယ်။ အပြောင်းအရွှေ့အတွက် ပေါင် ၁၈ ဒသမ ၁ သန်းနဲ့ သဘောတူညီခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ ပေါင် ၄ ဒသမ ၂ သန်းကို အပိုကြေးအနေနဲ့ ပေးဖို့ သဘောတူညီခဲ့ပါတယ်။ နေမာနဲ့ မက်ဆီတို့ကလည်း မကြာသေးမီကမှ အသင်းကို ပြန်ရောက်တဲ့အတွက် ဆီဗီလာနဲ့ စူပါကပ်ပြိုင်ပွဲမှာ ပွဲချိန်ပြည့် ကစားနိုင်မှာ မဟုတ်တဲ့အတွက် ဒီပွဲပြီးမှ ပက်ဒရိုကို လက်လွှတ်မယ့် အခြေအနေ ရှိနေပါတယ်။ အရင်က မန်ယူနည်းပြ ဗန်ဂေါကလည်း အသက် ၂၈ နှစ်အရွယ် ပက်ဒရိုလို ကစားသမား အသင်းမှာ မရှိဘူးလို့ ၀န်ခံထားခဲ့ပါတယ်။ ပက်ဒရိုကတော့ ဘာစီလိုနာအတွက် ၃၁၈ ပွဲမှာ ၉၈ ဂိုး သွင်းပေးထားခဲ့သလို ဘာစီလိုနာ နည်းပြ အင်းနရစ်ကလည်း သူ့ကို အသင်းမှာ ဆက်ရှိစေချင်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up