လက်ဝှေ့သမားဘ၀ နောက်ဆုံးပွဲ ပြိုင်ဘက်ကို မေ၀ယ်သာ ကြေညာ

ဓာတ်ပုံ - ရိုက်တာ
2.4K
မေ၀ယ်သာက သူ့ရဲ့ လက်ဝှေ့သမားဘ၀ နောက်ဆုံးပွဲဖြစ်တဲ့ ၄၉ ပွဲမြောက် ထိုးသတ်မယ့် ပြိုင်ဘက်ဟာ ဟေတီ-အမေရိကန် လက်ဝှေ့သမား အန်ဒရေဘာတို ဖြစ်တယ်လို့ ကြေညာလိုက်ပါတယ်။
အဲဒီပွဲကို လာမယ့် စက်တင်ဘာ ၁၂ ရက်နေ့ လက်စ်ဗီးဂက်စ်က MGM Grand Garden Arena မှာ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။
အမေရိကန် လက်ဝှေ့အကျော်အမော် မေ၀ယ်သာဟာ လေ့ကျင့်မှုတွေကို ပြီးခဲ့တဲ့ သီတင်းပတ်တွေကတည်းက ပြုလုပ်နေတာဖြစ်ပြီး အခုမှ ပြိုင်ဘက် ဘယ်သူဆိုတာကို ကြေညာခဲ့တာပါ။
အသက် ၃၈ နှစ်အရွယ် မေ၀ယ်သာဟာ ကစားသမားသက်တမ်းတလျှောက် ရှုံးပွဲမရှိ စံချိန်ကို တင်ထားသူဖြစ်ပါတယ်။
သူနဲ့ထိုးမယ့် အသက် ၃၁ နှစ်အရွယ် အန်ဒရေဘာတိုဟာ စုစုပေါင်း ၃၃ ပွဲ ထိုးသတ်ထားပြီး အလဲထိုး ၂၃ ပွဲနဲ့အတူ ပွဲ ၃၀ အနိုင်ရရှိထားကာ နောက်ဆုံး ၃ ပွဲဆက်တိုက် ရှုံးနိမ့်ထားသူဖြစ်ပါတယ်။
မေ၀ယ်သာဟာ ဘာတိုနဲ့ပွဲမှာ အနိုင်ရရှိခဲ့ရင်တော့ လက်ဝှေ့ကျော် ရော်ကီမာစီယာနို တင်ထားတဲ့ ၄၉ ပွဲ ရှုံးပွဲမရှိစံချိန်နဲ့ တူညီသွားမှာ ဖြစ်ပါတယ်။
မေ၀ယ်သာအနေနဲ့ အကျပိုင်းရောက်နေတဲ့ ဘာတိုထက် ပိုမိုတောင့်တင်းတဲ့ အမီးရ်ခန်းနဲ့ ထိုးသင့်တယ်လို့ ဝေဖန်နေတာတွေလည်း ရှိပါတယ်။
ဗြိတိန်လက်ဝှေ့ကျော် အမီးရ်ခန်းက မေ၀ယ်သာနဲ့ထိုးဖို့ ကြိုးစားခဲ့ပေမယ့် မေ၀ယ်သာက ပယ်ချခဲ့ပါတယ်။