A d v e r t i s e m e n t With Us

ရှာတွေ့သည့် လေယာဉ်တောင်ပံ MH370 မှဟု မလေးရှား အတည်ပြု

ဓာတ်ပုံ - ရိုက်တာ
ပြီးခဲ့တဲ့တပတ်က အိန္ဒိယသမုဒ္ဒရာတောင်ပိုင်း ရီယူနီယံ ကျွန်းပေါ်မှာ တွေ့ခဲ့တဲ့ လေယာဉ်တောင်ပံပိုင်းပြတ်ဟာ ပျောက်ဆုံးနေတဲ့ မလေးရှားလေကြောင်းလိုင်း MH370 ရဲ့ တောင်ပံဖြစ်တယ်လို့ မလေးရှားဝန်ကြီးချုပ်က သြဂုတ် ၅ ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။ ဒီလေယာဉ်အတောင်ပံရွက်ကို ပြင်သစ်နိုင်ငံတောင်ပိုင်း တိုးလုစ်မြို့က ဓာတ်ခွဲခန်းမှာ နိုင်ငံတကာ ကျွမ်းကျင်သူတွေက အသေးစိတ်စစ်ဆေးပြီး သြဂုတ် ၅ ရက်က အပြီးသတ် အတည်ပြုခဲ့တာလို့ ၀န်ကြီးချုပ်က ပြောပါတယ်။ လေယာဉ်ခရီးစဉ် MH 370 ဟာ ပြီးခဲ့တဲ့နှစ် မတ်လက မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တော်ကနေ တရုတ်နိုင်ငံ၊ ဘေကျင်းမြို့တော်ကို ပျံသန်းရင်း ခရီးသည်၊ လေယာဉ်အမှုထမ်း ၂၃၉ ဦးနဲ့ ပျောက်ဆုံးခဲ့တာပါ။ လေယာဉ်ပေါ် လိုက်ပါသွားသူ အများစုဟာ တရုတ်နိုင်ငံသားတွေ ဖြစ်ကြပါတယ်။ ခရီးသည်တွေရဲ့ ကျန်ရစ်သူ မိသားစုတွေ ရက်ပေါင်း ၅၁၅ ရက်ကြာတဲ့အထိ လေယာဉ်ပျောက်နဲ့ပတ်သက်ပြီး မသေချာ မရေရာမှုတွေ၊ အဲဒါအတွက် ပူဆွေးသောက ရောက်ခဲ့ကြရတာတွေဟာလည်း မဖော်ပြနိုင်အောင်ပါပဲလို့ ၀န်ကြီးချုပ် နာဂျစ်ဘ် ရာဇက်ခ် (Najib Razak) က ပြောပါတယ်။ အခုတော့ လေယာဉ်ဟာ အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းမှာ ပျက်ကျသွားခဲ့ပြီ ဆိုတာကို သက်သေအထောက်အထားနဲ့ ပြနိုင်ပြီလို့ မလေးရှားဝန်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up