မြန်မာ ယူ၁၆ ကမ္ဘောဒီးယားကို ၃ ဂိုးပြတ်နိုင်ပြီး ဆီမီးဖိုင်နယ်တက် (ရုပ်သံ)

5.4K
သြဂုတ် ၅ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ အာဆီယံ ယူ-၁၆ ချန်ပီယံရှစ် ပြိုင်ပွဲမှာ မြန်မာအသင်းက အိမ်ရှင် ကမ္ဘောဒီးယားအသင်းကို ၃ ဂိုး ဂိုး မရှိနဲ့ အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။
မြန်မာအသင်းဟာ အာဆီယံ ယူ ၁၆ ချန်ပီယံရှစ် ဆီမီးဖိုင်နယ်ကို အုပ်စုဒုတိယနဲ့ တက် ရောက်သွားတာပါ။ ၁၆ မိနစ်၊ မိနစ် ၂၀ နဲ့ ၅၄ မိနစ်တွေမှာ မြန်မာက အနိုင်ဂိုးတွေ သွင်းယူခဲ့တာပါ။
မြန်မာအသင်းဟာ အုပ်စု (က) မှာ ပထမရတဲ့ လာအိုအသင်းနဲ့ သြဂုတ် ၇ ရက်နေ့ မြန်မာစံတော်ချိန် ၃ နာရီ ဆီမီးဖိုင်နယ်ပွဲ ကစားရမှာ ဖြစ်ပါတယ်။
နောက်ဆီမီးဖိုင်နယ်ပွဲမှာတော့ သြစတြေးလျအသင်းနဲ့ ထိုင်းအသင်းတို့ ကစားကြမှာ ဖြစ်ပါတယ်။ ဗိုလ်လုပွဲကိုတော့ သြဂုတ် ၉ ရက်နေ့ ကစားကြမှာ ဖြစ်ပါတယ်။