နိုင်ငံတကာ ငြိမ်းချမ်းရေးဆု မြောက်ကိုရီးယားခေါင်းဆောင် ရရှိ
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းကို အင်ဒိုနီးရှား ဘာလီအခြေစိုက် အဖွဲ့က ငြိမ်းချမ်းရေး တရားမျှတမှုအတွက် ဆုချီးမြှင့်ဖို့ ရှိနေပါတယ်။
စက်တင်ဘာလမှာ ကင်ဂျုံအန်းကို ဒီဆု ချီးမြှင့်သွားမှာဖြစ်ပြီး ဒီဆုကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အိန္ဒိယခေါင်းဆောင် မဟတ္တမဂန္ဒီတို့ကိုလည်း ချီးမြှင့်ခဲ့ဖူးတယ်လို့ အေအက်ဖ်ပီသတင်းမှာ ရေးပါတယ်။
မြောက်ကိုရီးယား လူ့အခွင့်အရေး ဖောက်ဖျက်မှုတွေအပေါ် နိုင်ငံတကာ ဝေဖန်မှုတွေကို ဆုချီးမြှင့်တဲ့ ဆူကာနို ပညာရေးဖောင်ဒေးရှင်း အကြီးအကဲက ငြင်းပယ်လိုက်ပါတယ်။
ဆူကာနို ပညာရေးဖောင်ဒေးရှင်းက ဒီဆုကို ကွယ်လွန်ပြီးဖြစ်တဲ့ ကင်ဂျုံအန်းရဲ့အဘိုး ကင်အီဆွန်းကို ၂၀၀၁ ခုနှစ်က ချီးမြှင့်ခဲ့ဖူးပါတယ်။