မြန်အောင်မြို့နယ် ကျေးရွာအချို့ ရေလွှမ်း၊ သောက်သုံးရေ ပြတ်လပ် (ရုပ်သံ)
DVB
·
August 5, 2015
ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်ထဲက ဧရာဝတီမြစ်နဲ့ ဆက်စပ်နေတဲ့ ကျေးရွာဒေသတွေနဲ့ အနိမ့်ပိုင်းဒေသတွေ ရေလွှမ်းနစ်မြုပ်နေကြပါတယ်။
မြန်အောင်-ကနောင်-ရွှေကျင်-သပြေကုန်း-ဇလုပ်ကြီးပန်းတာရဲ့ ကြားထဲက ကျေးရွာဒေသတွေ မှာ ရေနစ်မြုပ်နေတာပါ။
မြန်အောင်မြို့နယ်ထဲ အဆိုးဆုံးကတော့ ဇလုပ်ကြီးအုပ်စုထဲက ကန့်ဘလူ ညောင်တန်းကျေးရွာက အဆိုးဆုံးခံစားနေရတာပါ။
ကန့်ဘလူညောင်တန်းမှာ အိမ်ထောင်စု ၃၀၀ ကျော်၊ လူဦးရေ ၁၅၀၀ ကျော် ရေဘေးဒုက္ခရောက်နေတာပါ။ ဒီဒေသဟာ သွားလာဖို့ ခက်ခဲတဲ့ဒေသလည်းဖြစ်ပါတယ်။
ရေလွှမ်းနစ်မြုပ်နေတဲ့ ကန့်ဘလူညောင်းတန်းက အိမ်ထောင်စုတွေကတာ့ အချို့ဟာ အိမ်တွေပေါ်မှာ ဆင့်ထိုးနေနေကြရပြီး အချို့ကတော့ မြန်အောင်-ကနောင်-ရွှေကျင်-သပြေကုန်း-ဇလုပ်ကြီး ပန်းတာပေါ်မှာ ဖြစ်သလို နေထိုင်စားသောက်နေကြရပါတယ်။
ရေကြီးတာ ၇ ရက်လောက်ရှိနေပြီး သောက်သုံးရေ၊ ကျန်မာရေးစောင့်ရှောက်မှုနဲ့ အစားအစာတွေ လိုအပ်နေပါတယ်။
ဧရာဝတီမြစ်ရေ မြင့်တက်နေတာရယ်၊ မိုးသည်းထန်စွာ ရွာနေတာကြောင့် ခုချိန်ထိ ရေမကျသေးပဲ ဖြစ်နေတာပါ။