A d v e r t i s e m e n t With Us

လာမည့်ရာသီ ချဲလ်ဆီး ချန်ပီယံဖြစ်မည်ဟု ကျွမ်းကျင်သူများ ခန့်မှန်း

လာမယ့် ပရီးမီးယားလိဂ် ဘောလုံးရာသီမှာ ဘယ်အသင်းချန်ပီယံ ဖြစ်မလဲဆိုတဲ့ ခန့်မှန်း ချက်တွေ ထွက်ပေါ်လာပါတယ်။ ချန်ပီယံ ဘယ်သူ ဖြစ်နိုင်ချေ ရှိမလဲဆိုတဲ့ ခန့်မှန်းချက်တွေကို ဘီဘီစီ သတင်းဌာန တီဗွီနဲ့ ရေဒီယို အစီအစဉ်တွေမှာ တင်ဆက်သူတွေနဲ့ ဘောလုံး ကျွမ်းကျင်သူတွေ ၂၈ ဦးကို မေးမြန်းပြီး တင်ဆက်ထားတာပါ။ အဲဒီအထဲမှာ နာမည်ကြီး ဘောလုံးသမားဟောင်းတွေဖြစ်တဲ့ ဂူလစ်၊ အလန်ရှီးယားနဲ့ အီရန် ရိုက်တို့လည်း ပါဝင်နေပါတယ်။ ခန့်မှန်းရာမှာ ချန်ပီယံ ဖြစ်နိုင်ချေရှိတဲ့ လက်ရှိ ချန်ပီယံ ချဲလ်ဆီး၊ အာဆင်နယ်၊ မန်ယူနဲ့ မန်စီးတီးတို့ ပါဝင်နေပါတယ်။ ခန့်မှန်းသူ အယောက် ၂၀ ကတော့ ချဲလ်ဆီးက ချန်ပီယံ ဖြစ်မယ်ဆို ထိပ်ဆုံးက တစ်ပေးထားပါတယ်။ ၄ ယောက်ကတော့ အာဆင်နယ် ချန်ပီယံ ဖြစ်မယ်လို့ ခန့်မှန်းပြီး ကျန် ၂ ယောက်စီကတော့ မန်ယူနဲ့ မန်စီးတီးတို့ ချန်ပီယံ ဖြစ်လိမ့်မယ်ဆိုပြီး အသီးသီး ခန့်မှန်းထားပါတယ်။ ခန့်မှန်းတဲ့သူတွေ အများစုကတော့ အသင်းတွေရဲ့ လက်ရှိ ခြေစွမ်း အနေအထားအပေါ် မူတည်ပြီး မှန်းထားတာ ဖြစ်ပါတယ်။ လာမယ့် ရာသီသစ်မှာ ချဲလ်ဆီးပဲ ချန်ပီယံ ဆက်ဖြစ်ဖို့ ထိပ်ဆုံးက ခန့်မှန်းထားပြီး စာရင်းဝင်တဲ့ ၄ သင်းထဲမှာ လီဗာပူးကတော့ ပါဝင်ခြင်း မရှိပါဘူး။ ပရီးမီးယားလိဂ် ပွဲစဉ်တွေကို လာမယ့် သြဂုတ် ၈ ရက်နေ့ စတင်သွားမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up