A d v e r t i s e m e n t With Us

ကယ်လီဖိုးနီးယားတောမီး ထိန်းချုပ်ရေး မီးသတ်တပ်ဖွဲ့ဝင် ၉၀၀၀ ခန့် ကြိုးပမ်း (ရုပ်သံ)

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မှာ သြဂုတ် ၄ ရက်နေ့က နေ့အပူချိန် အနည်းငယ် ကျဆင်းလာပေမယ့် ၁ ပတ်ကြာ လောင်ကျွမ်းနေတဲ့ တောမီးကိုတော့ ထိန်းချုပ်နိုင်ဖို့ မီးသတ်တပ်ဖွဲ့တွေ ဆက်လက်ကြိုးစားနေကြပါတယ်။ ပြည်နယ်အတွင်း နေရာ ၁၈ နေရာမှာ တောမီးလောင်ကျွမ်းနေပြီး မီးသတ်တပ်ဖွဲ့ ၉၀၀၀ လောက် ပါဝင်ငြှိမ်းသတ်နေကြတာပါ။ အကြီးဆုံးတောမီးကတော့ ဆန်ဖရန်စစ္စကိုမြို့မြောက်ဘက်က Rocky တောမီးဖြစ်ပြီး ဧရိယာအကျယ် မိုင် ၉၀ ကျော် လောင်ကျွမ်းခဲ့ပြီး ဖြစ်ပါတယ်။ နေအိမ်အနည်းဆုံး ၂၄ အိမ် မီးလောင်ကျွမ်းခဲ့တာပါ။ ဒါဟာ တောမီးအားလုံး ၂၁ နေရာ လောင်ကျွမ်းနေခဲ့တာကနေ ၃ နေရာမှာ ငြှိမ်းသတ်နိုင်ခဲ့ပြီး ၁၈ နေရာ ကျန်နေတယ်လို့ ဆိုပါတယ်။ အိမ်ခြံမြေ ၆၀၀၀ ကျော်ဟာလည်း တောမီး ဆက်လက်လောင်ကျွမ်းနိုင်တဲ့ လမ်းကြောင်းပေါ်မှာရှိပြီး ဒေသခံ ၁၃၀၀၀ ကို နေရာပြောင်းရွှေ့ဖို့ ကြိုတင်အကြောင်းကြားထားပြီး ဖြစ်တယ်လို့ မီးသတ်အာဏာပိုင်တွေက ပြောပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်ဟာ ပြီးခဲ့တဲ့ ၄ နှစ်ဆက်တိုက် အပူပြင်း အခြောက်သွေ့ဆုံး ဖြစ်ခဲ့တာပါ။ အခုရက်အတွင်း အပူချိန် အနည်းငယ်ကျလာလို့ မီးသတ်တပ်ဖွဲ့တွေအတွက် စိတ်သက်သာရာရပေမယ့် မိုးရွာသွန်းမယ့် အခြေအနေတော့ မရှိပါဘူးလို့ မိုးလေ၀သ ခန့်မှန်းချက်အရ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up