ရော်နယ်ဒို အိမ်ယာမဲ့ကဲ့သို့ ၀တ်စားပြီး မက်ဒရစ်မြို့ခံများကို အရူးလုပ် (ရုပ်သံ)

စပိန်နိုင်ငံ မက်ဒရစ်မြို့မှာ ရီးရဲလ် မက်ဒရစ်အသင်းရဲ့ ကစားသမား ခရစ်တီယာနို ရော်နယ်ဒိုဟာ ဗိုက်ရွဲရွှဲ အိမ်ယာမဲ့တဦးလို ၀တ်စားပြီး မြို့ခံတွေကို အရူးလုပ်ခဲ့ပါတယ်။ မိတ်ကပ်ချယ်ပြီး ဆံပင်အတု၊ နှုတ်ခမ်းမွေး၊ မုတ်ဆိပ်မွေးနဲ့ မျက်မှန်တွေတပ်ပြီး သူတောင်းစားလို ၀တ်ဆင်ထားတဲ့ ရော်နယ်ဒိုဟာ မက်ဒရစ်မြို့မှာ ဘောလုံးစွမ်းရည်ကို ပြသခဲ့ပါတယ်။ ရော်နယ်ဒိုရဲ့ ပုံစံဟာ အိုးအိမ်ယာမဲ့ တဦးက မြို့လယ်မှာ ဘောလုံး စွမ်းရည်ပြသပြီး ငွေကြေး ကောက်ခံနေတဲ့ လူတဦး ပုံစံပေါက်နေပါတယ်။ တချို့လူတွေကလည်း သူနဲ့အတူ ဘောလုံးကစားပြီး ရော်နယ်ဒိုကို လှည့်ပတ်ဖို့ ကြိုးစားခဲ့ပါတယ်။ ၁ နာရီနီးပါး ဘောလုံး အစွမ်းကို ပြသခဲ့ပြီးတဲ့နောက် ကလေးတဦးနဲ့ ဘောလုံးကစားခဲ့ပါသေးတယ်။ ဒီနောက် ကလေးအတွက် ဘောလုံးပေါ်မှာ လက်မှတ်ရေးထိုးပြီး တပ်ဆင်ထားတဲ့ နှုတ်ခမ်းမွေးအတု၊ ဆံပင်အတုတွေကို ချွတ်ချလိုက်ရာမှာ ရော်နယ်ဒို ဖြစ်မှန်းသိတဲ့ မြို့ခံတွေက ဓာတ်ပုံတွေ ၀ိုင်းရိုက်ခဲ့ပါတယ်။

More News
Up